မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများနှင့် တပ်မတော်မိသားစုများက အမျိုးသားရေးစိတ်ဓာတ်အရင်းခံဖြင့်ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဆက်လက်ပေးပို့လှူဒါန်းလျက်ရှိရာရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင်ပြည်သူများက ငွေကျပ် ၅၉၄၅၈၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများနှင့် မွန်ပြည်နယ်မှ စေတနာရှင်ပြည်သူများက ငွေကျပ် ၇၅၈၂၀၅၀ တန်ဖိုးရှိ ငွေနှင့်ဆားပိဿာ ၁၅၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီးဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေး ဆပ်ကော် မတီသို့ လာရောက်လှူဒါန်းငွေကျပ် ၂၆၈ သိန်းအပါအဝင် စေတနာရှင်ပြည်သူများ၏ ယနေ့လှူဒါန်းသည့်ငွေနှင့် ထောက်ပံ့ရေးပစ္စည်းစုစုပေါင်းတန်ဖိုးမှာငွေကျပ် ၄၀၃၂၇၈၅၀ ဖြစ်၍ ဇွန် ၁၁ ရက်ထိလှူဒါန်းသည့်ငွေနှင့် ထောက်ပံ့ရေးပစ္စည်းစုစုပေါင်းတန်ဖိုးမှာငွေကျပ် ၁၂၁၇၇၃၂၄၀၆၀ ရှိပြီဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment