
အဆိုပါ တိုင်းရင်းဆေးဆရာအဖွဲ့တွင် တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးဝေထွန်းသီးဆောင်၍ မြန်မာတိုင်းရင်းဆေးဆရာအသင်း(ဗဟို)မှ တိုင်းရင်းဆေးဆရာ ၁၅ဦးနှင့် ရန်ကုန်တိုင်းရင်းဆေးရုံအုပ် ဒေါက်တာသိန်းကျော်နှင့်ဆရာဝန် နှစ်ဦးအဖွဲ့ဝင်အဖြစ် ၁၇ဦးပါဝင်ပြီး တိုင်းရင်းဆေးဝါးကျပ်သိန်း ၅၀၀ဖိုးနှင့် လေဘေးသင့်ပြည်သူများအား လှူဒါန်းရန်အတွက် ဆန်အိတ်၁၀၀ကို ဆေးရုံသဘောင်္တွင် တင်ဆောင်သွားသည်။ တိုင်းရင်းဆေးဆရာအဖွဲ့ ကွင်းဆင်းကုသရေးလုပ်ငန်းအတွက် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ကူညီစီစဉ်ဆောင်ရွက်ပေးပြီး ပုသိမ်မြို့ကို အခြေပြုလျက် ငပုတောမြို့နယ်နှင့် ကျေးရွာပေါင်း ၂၁ရွာသို့ လှည့်လည်၍ စက်လှေများ၊ လှေများအသုံးပြုကာ လေဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက် ကုသပေးသွားမည်ဖြစ်သည်။
အဆိုပါ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးကြမည့် တိုင်းရင်းဆေးဆရာအဖွဲ့အား တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ညွှန့်၊ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဌဦးမောင်ဥာဏ်နှင့် တာဝန်ရှိသူများက ပုသိမ်ဆိပ်ခံဗောတံတားတွင် နှုတ်ဆက်အားပေးကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment