Tuesday, June 17, 2008

လေဘေးသင့်ကျေးရွာများရှိ တောင်သူလယ်သမားများအား မျိုးစပါး၊ လက်တွန်းထွန်စက်နှင့် တိရိစ္ဆာန် အစားအစာများဖြန့်ဝေ

မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လေဘေးဒဏ်ခံရသည့် ကျေးရွာများရှိ တောင်သူလယ်သမားများအား မြို့နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီက လယ်လုပ်ငန်းများတွင် အသုံးပြုရန်ပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်သည့် မျိုးစပါး၊ လက်တွန်း လယ်ထွန်စက်နှင့် ကျွဲ၊ နွားအစားအစာများကို ဇွန်၁၄ရက်တွင် ဝင်းစိန်နှင့်စိန်ဝင်းကြည် သင်္ဘောများဖြင့် လိုက်လံဖြန့်ဝေပေးသည်။
ဖြန့်ဝေပေး
ထိုသို့ဖြန့်ဝေပေးသည့် ကျေးရွာများမှာ မြို့နယ်အတွင်းရှိ လေဘေးဒဏ်ဆိုးရွားစွာခံရသည့် ကျေးရွာအုပ်စု ၁၆အုပ်စုတို့ဖြစ်ပြီး မျိုးစပါးတင်း၃၀၀၀၀၊ လက်တွန်းလယ်ထွန်စက် ၂၂စီးနှင့်ကျွဲ၊ နွားအစားအစာများ ဖြန့်ဝေပေးခဲ့သည်။
လုံလုံလောက်လောက်ရရှိမော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား ဇွန်၁၄၇က်အထိ ဖြန့်ဝေပြီး မျိုးစပါးတင်းပေါင်းမှာ ၄၀၀၀၀ကျော်သွားပြီဖြစ်ရာ တောင်သူလယ်သမားများ၏ လိုအပ်ချက်နှင့်အညီ မျိုးစပါးများကို လုံလုံလောက်လောက် ရရှိအောင် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments: