မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်၁၆ရက်နံနက် ၈နာရီက တောင်တွင်းကြီးမြို့နယ် ၀ါးခြမ်းကာကျေးရွာ တောင်တွင်းကြီး-မကွေး ပြည်ထောင်စု ကားလမ်းမကြီးဘေးရှိ မိုင်တန်အမှတ် ၂၈၈/၆အနီး၌ မဲဇလီ၊ တမာ ၊ ဆီးသပြေနှင့်ဆီး စသည့် စုစုပေါင်းအပင်၂၀၀၀ကို စုပေါင်းစိုက်ပျိုးကြသည်။
စုပေါင်းစိုက်ပျိုး
အဆိုပါသစ်ပင် စုပေါင်းစိုက်ပျိုးပွဲတော်သို့ မြို့နယ်ဥက္ကဋ္ဌ ဦးမြတ်ကျော် ၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအတွင်းရေးမှူးဦးသန်းဝင်း၊ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ စိုက်ပျိုးကြသည်။
No comments:
Post a Comment