နိုင်ငံတော်၏ ထောက်ပံ့စီစဉ်မှုဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများက လေမုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်သွားသော လေဘေးသင့်ပြည်သူများ အတွက် ၁၆ပေ×ပေ၂၀ အကျယ်ရှိအုတ်ဖိနပ်ခံ ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်များကို အခိုင်အမာဆောက်လုပ်ပေးလျက်ရှိသည်။
တည်ဆောက်ပေး
ယင်းသို့ အခိုင်အမာနေအိမ်များ ဆောက်လုပ်ရာတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာမှ အိုးအိမ်မဲ့လေဘေးသင့် ပြည်သူများအတွက် ထူးထရေးဒင်း ကုမ္ပဏီက တာဝန်ယူ အကုန်ကျခံ၍ တည်ဆောက်ပေးလျက်ရှိပြီး ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမှ အိုးအိမ်မဲ့လေဘေးသင့် ပြည်သူများအတွက် ငွေဆင်ကုမ္ပဏီ၏ အကုန်အကျခံမှုဖြင့် ဒိုင်းမွန်းမာကျူရီ ကုမ္ပဏီက တည်ဆောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment