Saturday, July 12, 2008

သစ်တောရေးရာဝန်ကြီးဌာန ၀ါဆိုသင်္ကန်ဆက်ကပ်လှူဒါန်း

သစ်တောရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီးရုံး၌ ကျင်းပရာ ရှေးဦးစွာ နေပြည်တော်လယ်ဝေး ပေါက်မြိုင်ပရိယတ္ထိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍတ မဟာဂန္တ၀ါစကပဏ္ဍိတ သာသနဓဇ ဓမ္မာစရယ ဘဒ္ဒန္တဇနိန္ဒ ထံမှ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်နှင့် ပရိတ်သတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် ၊ သံဃာတော်များက ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဈတော်မူကြသည်။

No comments: