ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမိုင်းတွင်းဒေသတွင် မုတ်သုံမိုး ရွာသွန်းမှု ကြောင့် မြေပြိုမှုများဖြစ်ရာ ယာယီတဲများ မြေမြုပ်ပျက်စီးသွားပြီး လူဒါဇင်ပေါင်းများစွာမှာ ပျောက်ဆုံးနေကြောင်းဒေသဆိုင်ရာ အရာရှိများက ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။
အဆိုပါမြေပြိုမှုမှာ ဇူလိုင် ၂ ရက်နေ့ ညနေပိုင်း၌ ဖြစ်ပွားခဲ့ပြီးမိုင်းတွင်းများပြိုကျခဲ့ရာလူပေါင်း ၄၀ ခန့်ပျောက်ဆုံးနေကြောင်းနှင့် လူအချို့မှာ မိုင်းတွင်း ၌ ပတ်မိနေကြောင်းမင်ဒါနာအိုကျွန်း ဆူတန်ကူဒါရက်ပြည်နယ်ရှိကျေးရွာသူကြီး အာနက်စ်တိုကာဇာက ပြောကြားသည်။
မြေပြိုမှုတွင် အလောင်းနှစ်လောင်းသာတွေ့ရှိခဲ့ပြီး ပြိုကျသွားသော မြေသားများအတွင်း၌ လူပေါင်း ၄၀ ခန့်နစ်မြုပ်နေနိုင်သည်ဟု ကာဇာကပြောကြားသည်။ထို့ပြင်အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသော တပ်ဖွဲ့ဝင်များအား ရွာသားများက ၀ိုင်းဝန်းရှာဖွေ ကူညီပေးနေသည်ဟု ၄င်းကထပ်မံ ပြောကြားသည်။
အဆိုပါ မြေပြိုမှုများ ဖြစ်ပွားရာ ဒေသတွင်း၌ ဆက်လက်လုပ်ကိုင်ရန် အန္တရာယ် ရှိ၊မရှိကို ဆုံးဖြတ်ပေးနိုင်ရန်အတွက် အသေးစား မိုင်းတွင်းလုပ်ငန်းများကို စစ်ဆေးရန် ကျွမ်းကျင်သူ အဖွင်္ဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်ဟု မိုင်းတွင်းနှင့် ဘူမိသိပ္ပံဗျုရိုအဖွဲ့မှ ညွှန်ကြားရေးမှူးကွန်စတန်စီရိုဖေးက ပြောကြားသည်။
အခင်းဖြစ်ပွားရာ နေရာမှာဖိလစ်ပိုင်နှင့် တောင်ကိုးရီးယား ကုမ္ပဏီတို့ လုပ်ကိုင်သည့် ကြေးနီနှင့် ရွှေတူးဖော်ရာမိုင်းတွင်း၌ ဖြစ်ကြောင်း ဖေးက ထပ်မံပြောကြားသည်။
Wednesday, July 9, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment