Wednesday, July 9, 2008

ဟားမတ်စ် ရုပ်မြင်သံကြားဌာနက အမေရိကန်ကွန်ဂရက်၌တင်သွင်းသော အဆိုကို ရှုတ်ချ

အမေရိကန်နိုင်ငံ ကွန်ဂရက်တွင် အယ်လ်အက်ဆာ ရုပ်မြင်သံကြားဌာနနှင့် အခြားအရှေ့အလယ်ပိုင်းရုပ်သံဌာနလေးခုတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်သည့် အဆိုမူကြမ်းတစ်ရပ်ကို တင်သွင်းခဲ့မှုနှင့် ပတ်သတ်၍ ရှုတ်ချကန့်ကွက်ကြောင်း အယ်လ်အက်ဆာရုပ်သံဌာနက ဇူလိုင် ၇ ရက်တွင် ထုတ်ဖော်ကြေညာသည်။
အယ်လ်အက်ဆာ ရုပ်သံဌာနသည် ဂါဇာကမ်းမြောင်ဒေသကို ချုပ်ကိုင်ထားသော ဟားမတ်အဖွဲ့နှင့် အဆက်သွယ်ရှိသော ဌာနဖြစ်သည်။
အာရပ်ရုပ်မြင်သံကြားဌာနအချို့အားအကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်မည့် အဆိုကြမ်းကို အမေရိကန်ကွန်ဂရက်၌ ဇွန် ၂၆ ရက်ကတင်သွင်းခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ အကြမ်းဖက်မှုများဖြစ်ပေါ်စေရန်လည်းကောင်း၊အကြမ်းဖက်အဖွဲ့အစည်းများရန်ပုံငွေရရှိစေရန်လည်းကောင်း
ထိုရုပ်မြင်သံကြားဌာနများက စည်းရုံးပေးသည်ဟု ကွန်ဂရက်တွင် တင်သွင်းသည့်အဆိုကြမ်း၌ ဖော်ပြထားသည်။


No comments: