Wednesday, July 23, 2008

လေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပမှစေတနာရှင်၊အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေလက်ခံရာဌာနသို့ ယနေ့လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီဥက္ကဌ၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေကိုယ်စား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးမောင်မောင်ဝင်းက လက်ခံသည်။
အလှူရှင်များမှာ QED Internationl FZLLC Dubai,UAE က အမေရိကန်ဒေါ်လာ ၂၀၀၊ကိုးရီးယားသမ္မတနိုင်ငံ အလှူရှင်များက ဆိုးလ်မြို့ မြန်မာ့သံရုံးမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀၉၅၉၁ ဒသမ ၆၈ နှင့် ယူရိုငွေ ၂၅၀၈ ဒသမ ၉၆ ၊GPVO "TYAZHPROMEK SPORT" MOSCOW, Russia ကယူရိုငွေ ၁၅၆၂၅၀ တို့ဖြစ်သည်။
ယနေ့လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀၉၇၉၁ ဒသမ ၆၈ နှင့် ယူရိုငွေ ၁၅၈၇၅၈ ဒသမ ၉၆ တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: