Wednesday, July 23, 2008

ပြည်နယ်နှင့်တိုင်းအသီးသီးမှ ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများဆက်လက်ပေးပို့လှူဒါန်း

မုန်တိုင်းသင့်ပြည်သူများအတွက်ပြည်နယ်နှင့်တိုင်းအသီးသီးမှဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ၊စေတနာရှင်ပြည်သူ
များနှင့် တပ်မတော်သားမိသားစုများက အမျိုးသားရေးစိတ်ဓာတ်အရင်းခံဖြင့် ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများကို ဆက်လက်ပေးပို့လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင်ပြည်သူများက ငွေကျပ် ၄၇၅၇၀၃၀ တန်ဖိုးရှိ ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ၊မွန်ပြည်နယ်မှ စေတနာရှင်ပြည်သူများက ငွေကျပ် ၂၇၇၃၄၈၀ တန်ဖိုးရှိ ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီသို့ လာရောက်လှူဒါန်းငွေကျပ် ၆၁၃၁၆၀၈၀၀ အပါအ၀င် စေတနာရှင်ပြည်သူများ၏ ဇူလိုင် ၂၂ ရက်ထိ လှူဒါန်းသည့်ငွေနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ဖိုးမှာငွေ ၁၄၈၄၅၇၂၃၅၄၅ ကျပ် ရှိပြီဖြစ်ကြောင်းသိရှိရသည်။

No comments: