Thursday, July 24, 2008


လေဘေးသင့်ဒေသများ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဆောင်ရွက်ခဲ့သည့်ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်လူငယ်များနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

လေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ်များနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ဇူလိုင်၇ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နာယက၊ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ကချင်ပြည်နယ်တာဝန်ခံ ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေံခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ လေဘေးသင့်ဒေသသို့ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် လူငယ်များနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စေတနာရှင် ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ကချင်ပြည်နယ်အသင်းတာဝန်ခံ ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းမှူးကလည်းကောင်း၊ဂုဏ်ပြုလက်ဆောင်များကို ၀န်ကြီးက လည်းကောင်း ပေးအပ်ကြရာ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အဖွဲ့ခေါင်းဆောင်တို့က လက်ခံရယူကြပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ရရှိအောင် သင်ကြားပြသပေးခဲ့သည့် ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုလက်ဆောင်နှင့် ချီးမြှင့်ငွေများကို ဆရာ၊ဆရာမများကိုယ်စား ဆရာမ ဒေါ်သိဂီင်္ဝင်းက လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ပညာရေး ငွေပဒေသာပင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ အလှူရှင် ခြောက်ဦးတို့က ငွေကျပ်သိန်း ၃၂၀ ကို လှူဒါန်းခဲ့ပြီး ပြည်နယ်ပညာရေးမှူး ဦးကျော်ဝင်းက လက်ခံရယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments: