ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသည့် လေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန် Workd Vision (Myanmar)က ရေသန့်စက်ပစ္စည်းများနှင့် ကလိုရင်းဆေးပြားများ လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနရှိ ကျန်းမာရေးဝန်ကြီးဌာန ယာယီကွပ်ကဲမှုရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် Workd Vision (Myanmar)မှ တာဝန်ခံ ဒေါက်တာကြည်မင်းနှင့်အဖွဲ့က လေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ၈၉၀၀၀တန်ဖိုးရှိ ရေသန့်စက်ပစ္စည်းများနှင့် ကလိုရင်းဆေးပြားများကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment