မုန်တိုင်းသင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက် လှူဒါန်းလျှက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာအခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) အလှူငွေ လက်ခံရာဌာနသို့ ယနေ့လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီဥက္ကဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး လှသိန်းဆွေက လက်ခံသည်။
အလှူရှင်များမှာ ကာကွယ်ရေး ၀န်ကြီးဌာန (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည် မိသားစုများက ဒုတိယအကြိမ်
ငွေကျပ်သိန်း ၁၂၀၊ (ကြံခင်းမြို့ နယ်အသင်း၊ ရန်ကုန်) က ငွေကျပ် ၂၅၀၀၀၀၊ဦးတင်သိန်းနှင့် ဒေါ်တိုးတိုးအောင်မိသားစု၊ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့ နယ်ကငွေကျပ်တစ်သိန်း၊ မကွေးတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေး ကောင်စီမှ တစ်ဆင့် ငွေကျပ်သိန်း ၂ ၀၀၊ ( Mr.Masatesu Yamato, MASI Office, Yangon )ကအက်ဖ်အီးစီ ၁၀၀၊ (OLAM International Limited Singapore) မှတစ်ဆင့် အမေရိကန် ဒေါ်လာ ၄၀၀၀၀တို့ ဖြစ်သည်။
ယနေ့ လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာငွေကျပ် ၃၂၃၅၀၀၀၀၊ အက်ဖ်အီးစီ ၁၀၀နှင့် အမေရိကန်ဒေါ်လာ
၄၀၀၀၀ တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment