နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွှန့်သည် မော်လမြိုင်ကျွန်းမြို့၌ အခြေပြုလျက် ဇူလိုင် ၂၈ ရက် နံနက် ၇ နာရီခွဲတွင် မော်လမြိုင်ကျွန်းမြို့နယ် ကြက်ရှာကျေးရွာသို့ ရောက်ရှိပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ လှူဒါန်း၍ တီဇက်တီအမ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော ကျေးလက်လူနေအိမ် ၁၅၀ တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဆောက်လုပ်လျက်ရှိသော ကျေးလက်လူနေအိမ် ၁၅၀ တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဆောက်လုပ်ပြီးစီးသော လူနေအိမ် ၄၀ တွင် စတင်ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လေဘေးဒဏ်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သော ကြက်ရှာကျေးရွာအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်မှ လူနေအိမ် ၁၅၀၊ဆေးပေးခန်းတစ်လုံး၊ရုံးတစ်ရုံးဆောက်လုပ်ရန် လှူဒါန်းထားရာ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ အစီအစဉ်ဖြင့် တီဇက်တီအမ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး လူနေအိမ် ၄၀ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။
ထို့နောက် ၀န်ကြီးသည် လူနေအိမ်များ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စုအလိုက် ဆီ၊ခေါက်ဆွဲခြောက်၊အ၀တ်အထည်များ၊လူသုံးပစ္စည်းများ၊ငါးသေတ္တာဘူးများ၊ဓာတ်ဆားထုပ်များကို ထောက်ပံ့ပေးအပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ လေဘေးဒဏ်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သော ကြက်ရှာ၊ရှောက်၊ချောင်း၊ကျားဟုန်၊နတ်မှူး၊ကျွန်းချောင်းနှင့် လှိုင်းဘုန်းကျေးရွာအုပ်စုတို့အတွက် နိုင်ငံတော်မှ လူနေအိမ် ၁၃၅၀ ဆောက်လုပ်ရန် စီစဉ်ထားပြီး အမြန်ဆောက်လုပ် အကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment