တောင်အာရှနိုင်ငံများဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဆာအတ်)ညီလာခံကို အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ ထိပ်တန်းအရာရှိများ တက်ရောက်သည့် နှစ်ရက်ကြာ ဆွေးနွေးပွဲကို တနင်္ဂနွေနေ့က ကိုလံဘိုမြို့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားသည်။
ဆာအတ်၏၁၅ ကြိမ်မြောက်ညီလာခံသို့ အိမ်ရှင် သီရိလင်္ကာ၊အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ဘူတန်၊မော်လဒိုက်နှင့် အာဖဂန်နစ္စတန်နိုင်ငံသို့ တက်ရောက်ကြသည်။
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိ ဂရေ့စ်အေဘာဝသန်ကို ၀န်ကြီးများကောင်စီအစည်းအဝေးက ၃၃ ကြိမ်မြောက်အခမ်းအနား၏ သဘာပတိအဖြစ် ရွေးချယ်ခဲ့သည်။နိုင်ငံအကြီးအကဲများ သို့မဟုတ် အစိုးရအကြီးအကဲများသည် သြဂုတ် ၂ ရက်နှင့် ၃ ရက်တို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

No comments:
Post a Comment