နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံမှုဒဏ်ခံရသော အခြေခံပညာကျောင်းများတွင် ကျောင်းဆောက်လုပ်လှူဒါန်းလိုသော တစ်သီးပုဂ္ဂလိက အလှူရှင်များအနေဖြင့် ပညာရေးဝန်ကြီင်္းဌာနမှ ခွင့်ပြုချက်ရရှိလျင် ဆောက်လုပ်လှူဒါန်းနိုင်ကြောင်း၊ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကအလှူရှင်တစ်ဦးကပြောကြားသည်။ "ကျွန်တော်တို့ ပုဂ္ဂလိကအလှူရှင်အဖွဲ့အနေနဲ့ မုန်တိုင်းဒဏ်ကြောင့် စာသင်ကျောင်းပြိုကျနေတဲ့ ဖျာပုံမြို့နယ် ကျေးရွာတစ်ခုက မူလတန်းကျောင်းမှာ ကျောင်းဆောငိတစ်ဆောင် ဆောက်လုပ်လှူဒါန်းဖို့ ရှိပါတယ်။ခွင့်ပြုချက်ရရင် အကောင်ထည်ဖော်ဆောင်ရွက်သွားမှာပါဟု"လှူးဒါန်းရန်စီစဉ်နေသည့်
ရန်ကုန်မြို့တော်ရှိ စာပေအသိုင်းအ၀ိုင်းမှ အလှူရှင်တစ်ဦးကဆိုသည်။ကျောင်းအဆောက်အအုံ လှူဒါန်းလိုပါက လှူဒါန်းလိုသော ကျောင်း၏ကျောင်းအုပ်ကြီးမှတဆငိ့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျောင်းဆောက်လုပ်လှူးဒါန်းသူများထံမှ သိရသည်ဟု Myanmar nargis news မှသိရှိရသည်။
No comments:
Post a Comment