မုန်တိုင်းသင့် ပြည်သူများအတွက်ပြည်တွင်းပြည်ပမှ စေတနာရှင်၊အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့်ထုတ်ပေးရေးဆပ်ကော်မတီဥက္ကဌဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
ဇူလိုင် ၁ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးအေးဆွေနှင့် သား၊သမီးဆွေမျိုးတစ်စု ကသာမြို့က ငွေကျပ် ငါးသောင်း၊ပဲခူးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှတစ်ဆင့် ငွေကျပ် ၄၇၄၄၂၆၀၊မ၀တ်ရည်နှင်းလွင် သာကေတမြို့နယ်က ငွေကျပ်ငါးသောင်း၊မြန်မာ့စီးပွားရေးဘဏ် ခန္တီးဘဏ်ခွဲမှ တစ်ဆင့်ပေးပို့လှူဒါန်းငွေကျပ်တစ်သောင်း၊ဦးသန်း(ဒုတိယညွှန်ကြားရေးမှူး၊ငြိမ်း)နှင့်ဒေါက်တာခင်သောင်းတင်အား ရည်စူး၍ ဒေါ်စိုးစိုးဝင်းအရှေ့ရန်ကင်းမြို့နယ်က ငွေကျပ်တစ်သိန်း၊ဆရာတော်ဘဒ္ဒန္တ၀ါယမ ရွာသာပျော်ရွာနေပြည်တော်တပ်ကုန်းက ငွေ ၁၁၁၂၈၇ ကျပ်၊ဦးထွန်းထွန်း(လုပ်ငန်းရှင်)က ဆားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀၀၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ စာရင်းပြောင်းငွေ ယူရို ၂၀၀၀၊ Embassy of The Union of Myanmar,Moscow မှတစ်ဆင့် ယူရိုငွေ ၉၄၀၂၄ ဒသမ ၅၅တို့ဖြစ်သည်။
ဇူလိုင် ၄ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးဖေသောင်းမြင့်နှင့် ဒေါ်ကြူကြူဝင်းမိသားစု ဗဟန်းမြို့နယ်က ငွေကျပ်တစ်သိန်း၊ဒုတိယဗိုလ်မှူးကြီး မောင်ကျော်(ငြိမ်း)နှင့် ဒေါ်တင်တင်အေးမိသားစု ရန်ကင်းမြို့နယ်က ငွေကျပ်တစ်သိန်း၊တနသာင်္ရီတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှတစ်ဆင့်ငွေကျပ် ၆၂၆၉၉၀၀၀၊ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)မှ တစ်ဆင့် ငွေ ၂၀၅၉၂၁၁၆၅ ကျပ်၊သုဓမ္မမဏိဇောတဓရ ဦးချစ်အေးနှင့် ဒေါ်သန်းသန်းဆွေ မိသားစု လမ်းမတော်မြို့နယ်က ငွေကျပ်ငါးသိန်း၊ဦးအေးလွင်နှင့် ဒေါ်ဖြူဖြူလွင် မိသားစု သုဝဏ္ဏမြို့က အမြဲတမ်းနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှတစ်ဆင့် ငွေကျပ် ၁၀၂၈၅၄၄၀၀၊The Governor of Masahasarkam Province and The Public Health Officers from Mahasarakam Province, Thailand ကငွေကျပ် ၈၁၀၀၊အမေရိကန်ဒေါ်လာ ၁၃၀ နှင့် ထိုင်းဘတ်ငွေ ၆၇၀၊Mr. Kushida,President of KEIAI Co,Ltd & UMESUSHI Co.,Ltd မှအမြဲတမ်းေ နအိမ်သုံးလုံးနှင့် လှေဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂၀၀၀၊ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Royal Bhutanece Embassy က ယူရိုငွေ ၆၃၄၄၇ ဒသမ ၇၅၊ Mr. Galen Tu,CHENG TIEN Industy,Taiwan က အက်ဖ်အီးစီ ၁၀၀၀တို့ဖြစ်သည်။
ဇူလိုင် ၄ ရက်တွင် လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာ ငွေ ၃၇၂၈၅၅၆၅ ကျပ်၊အမေရိကန်ဒေါ်လာ ၂၁၃၀၊ထိုင်းဘတ်ငွေ ၆၇၀၊ယူရိုငွေ ၆၃၄၄၇ ဒသမ ၇၅ နှင့် အက်ဖ်အီးစီ ၁၀၀၀တို့ဖြစ်ကြောင်းသတင်းရရှိသည်။
Monday, July 7, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment