ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဇူလိုင်၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၀ ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူကပြောကြားသည်။
မြေပြိုမှုဖြစ်ပွားသည့် နေရာမှာ ဒါကာမြို့တော်မှ ကီလိုမီတာ ၄၅၀အကွာရှိ ကောက်ဘဇားခရိုင် တက်ခ်နက်ဖ်ဒေသ၌ ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံသို့တင်ပို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။နှစ်စဉ်မုတ်သုံရာသီအစပိုင်း၌ မိုးသည်းထန်ရွာသွန်းမှုသည် လွန်ခဲ့သောရက်အနည်းငယ်က ဘင်္ဂလားဒေ့ရှ်ဒေသ၏ အလုပ်အကိုင်အများအပြားကို တုံ့ဆိုင်းရပ်တန့်ခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင် ရုတ်တရက်ရေလွှမ်းမိုးခဲ့သည်။
Tuesday, July 8, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment