Tuesday, July 8, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ လမ်းမတော်မြို့နယ် သရက်တောကျောင်းတိုက်ရှိ သံဃာတော်များအား ၀န်ထမ်းမိသားစုများ၏ ဆဌမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီတွင် သရက်တောကျောင်းတိုက် သုံးထပ်ကျောင်းဆောင်၌ ကျင်းပသည်။
အစီအစဉ်အရ ဗဟိုအတွင်းရေးမှူးဝန်ကြီး ဦးအောင်သောင်း၊ဇနီး ဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ်တို့က လမ်းမတော်မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဌ သရက်တောကျောင်းတိုက် ပိဋကတ်တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တော်တရားတော်များကို နာယူကြသည်။ထို့နောက်ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ဇနီးဒေါ်ခင်ခင်ရီ၊ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ဇနီးများ၊အလှူရှင်များက သံသာနာယကအဖွဲ့ဥက္ကဌ ဆရာတော်နှင့် ကျောင်းတိုက်ပေါင်း ၆၆ ကျောင်းမှ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များထံ ၀ါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ သရက်တောကျောင်းတိုက် ပိဋကတ်တိုက်ကျောင်း ဆရာတော်က သာဓုအနုမောဒနာ တရားဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။

No comments: