Wednesday, July 9, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းမိသားစုများ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ရန်ကင်းမြို့နယ် ကျောက်ကုန်းကျောင်းကြီးတိုက်၌ ၀ါဆိုဝါကပ်တော်မူကြမည့် သံဃာတော်များအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ထမ်းမိသားစုများ၏ ဧကာဒဿမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပရာ ရှေးဦးစွာ ကျောက်ကုန်းကျောင်းကြီးတိုက် ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တ၀ိဿရဒ ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စ္စ္စ္ဈာယ်တော်မူကြသည်။

No comments: