ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်(၆)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ မြို့နယ်ပြည်ထောင်စုကြံခိုင်ရေးအသင်းရုံး၌ ယနေ့န့နက် ၆ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် ရုံးအောက်ထပ်အ၀င်တံခါးမကြီး ၊ပြတင်းပေါက်မှန်များ၊စာရေးစားပွဲသုံးလုံး၊ကုလားထိုင်ခြောက်လုံး၊ လက်နှိပ်စက်တစ်လုံး၊တယ်လီဖုန်းကိုယ်ထည်တစ်ခုတို့ ပျက်စီးပြီး အုတ်နံရံအကျယ် ခြောက်လက်မ၊အမြင့်ကိုးလက်မခန့် ပေါက်ထွက်ပျက်စီးသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက စစ်ဆေးရှာဖွေဖော်ထုတ်လျက်ရှိပြီး အများပြည်သူတို့အနေဖြင့်လည်း မိမိတို့နေထိုင်ရာ၊အသက်မွေးဝမ်းကျောင်းမှုပြုရာ၊ကူးသန်းရောင်းဝယ်မှုပြုရာ အ၀န်းအ၀ိုင်းအတွင်းသို့ အသွင်အမျိုးမျိုးဆောင်ကာ ထိုးဖောက်ဝင်ရောက်လာမည့် ဖောက်ခွဲဖျက်ဆီးရေးသမားများ၊အကြမ်းဖက် အဖျက်သမားများကို အထူးသတိပြုစောင့်ကြပ်
ကြည့်ရူဖော်ထုတ်ပြီး တာဝန်ရှိသူများထံသို့ အချိန်မီ သတင်းပေးပို့ခြင်းဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်
သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

No comments:
Post a Comment