Tuesday, July 22, 2008

အားကစားဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ


အားကစားဝန်ကြီးဌာန ၂၀၀၈ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဇူလိုင် ၁၈ ရက်နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် ၃၁ သတ်မှတ်နေရာ၌ ကျင်းပရာ အားကစားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် တက်ရောက်၍ ခရေပင်ကို စိုက်ပျိုးပေးသည်။
ထို့နောက်ဝန်ကြီးသည် အားကစားဝန်ကြီးဌာန ၀န်ထမ်းများ၏ ပန်းပင်၊အရိပ်ရလေကာပင်၊စားပင်၊သီးပင်မျိုးစုံ စိုက်ပျိုးနေမှုတို့ကိုလည်းကောင်း၊ယခင် နှစ်များက စိုက်ပျိုးထားရှိသည့် ကျွန်း၊ပျဉ်းကတိုး၊မဟော်ကနီ စသည့် နှစ်ရှည်ပင် ၅၈၀၀၊ ငုဝါ၊ ခရေ၊ပိတောက်၊ ကံ့ကော်၊ပျဉ်းမပင်၊စိန်ပန်းရှည်၊စိန်ပန်းပု၊ ရေတမာ စသည့် ပန်းအလှပင်နှင့် အရိပ်ရပင် ၃၁၀၀ နှင့် သီးပင်၊စားပင် ၁၆၄၆ ပင်တို့ကိုမြေဆွပေါင်းသင်ခြင်း၊ကွက်လပ်ဖြည့် စိုက်ပျိုးနေမှုတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။
ငါးမျိုးစိုက်ထည့်
ယင်းနောက် ၀န်ကြီးသည် တာဝန်ရှိသူများ၊၀န်ထမ်းများလိုက်ပါလျက် တစ်ဖက်ပိတ်ဆည်၌ ကျင်းပသော ၂၀၀၈ ခုနှစ် အားကစားဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ ရောက်ရှိကြပြီး ၀န်ကြီးက ဦးဆောင်ကာ ဆည်အတွင်းသို့ ငွေရောင်ငါးကြင်း ငါးမြစ်ချင်းသားပေါက်နှင့် ငါးခုံးမကြီးသားပေါက်တို့ကို စိုက်ထည့်လွှတ်ပေးသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားမှူးချုပ်များနှင့် ၀န်ထမ်းများက တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငွေရောင်ငါးကြင်းသားပေါက်အကောင် ၁၀၀၀၀၊ငါးမြစ်ချင်း သားပေါက် အကောင် ၅၀၀၀ နှင့် ငါးခုံးမကြီး သားပေါက်အကောင် ၅၀၀၀တို့ကို စိုက်ထည့်လွှတ်ပေးကြသည်။အားကစားဝန်ကြီးဌာနအနေဖြင့် ဇူလိုင် ၁၈ ရက်တွင် စိုက်ပျိုးသော အပင်မျိုးစုံ အပါအ၀င် နှစ်ရှည်ပင်၊ ပန်းအလှပင်၊အရိပ်ရလေကာပင်၊သီးပင်စားပင် စုစုပေါင်း ၁၀၅၄၆ပင်ကျော် စိုက်ပျိုးပြီး ဖြစ်ကြောင်းသိရှိရသည်။

No comments: