ရတနာပုံမြို့သစ် တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရတနာပုံမြို့သစ် တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်း၊ ကြီးကြပ်မှုကော်မတီဝင် ဒုတိယ ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ရတနာပုံမြို့သစ် တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်း တို့က အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင် ၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဝင်း ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူများ ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ စည်ပင်သာယာရေးဦးစီးဌာန နှင့် ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment