Tuesday, July 22, 2008

နေပြည်တော်၌ တည်ထားကိုးကွယ်မည့် ဥပ္ပါတသန္တိစေတီတော်ပရ၀ဏ်တွင် ဗောဓိညောင်ပင်စိုက်ပျိုး

နေပြည်တော်၌ တည်ထားကိုးကွယ်မည့် ဥပ္ပါတသန္တိစေတီတော်ပရ၀ဏ်အတွင်းရှိ ပွင့်ရာဗောဓိဥယျာဉ်တော်၌ မြတ်စွာဘုရားရှင်တို့၏ ပွင့်တော်မူရာဗောဓိပင် ၂၈ပင်နှင့်ဗောဓိညောင်ပင် ၁၀၈ပင် စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင် ၂၁ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တည်ထားကိုးကွယ်မည့် ကုန်းတော်၌ ကျင်းပရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက်၍ စိုက်ပျိုးပေးသည်။
အဆိုပါ ပွင့်တော်မူရာဗောဓိပင် ၂၈ပင်နှင့် ဗောဓိညောင် ၁၀၈ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁)ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်နှင့်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ အစိုရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ ဒုတိယ၀န်ကြီးများနှင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ တက်ရောက်၍ ပါဝင်စိုက်ပျိုးပေးကြသည်။

No comments: