Tuesday, July 22, 2008

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၆) ဖွင့်ပွဲအခမ်းအနားကျင်းပ


ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၆) ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) အုန်းတောခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၊၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှမြင့်ဦးနှင့် ဦးကျော်အောင်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) ပါမေက္ခများ၊ဌာနကြီးမှူးများ ၊ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိဦးစီးဌာနများမှ အရာရှိကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ယင်းနောက် ၀န်ကြီးသည် သင်တန်း တက်ရောက်လာကြသည့် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးသည်။
ယနေ့ ဖွင့်လှစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အရာရှိများ အထူးမွမ်းမံသင်တန်းသို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ ၂၄၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်သည်။

No comments: