Tuesday, July 29, 2008

လေဘေးသင့်ပြည်သူများအတွက်အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းနိုင်

မုန်တိုင်းဒဏ်သင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း၊ပြည်ပမှ အလှူရှင်များအနေဖြင့် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလိုပါက အောက်ပါနေရာများ၌ လှူဒါန်းနိုင်ပါသည်။
အလှူငွေများကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် စက်မှုလမ်း အမှတ် (၁၆/က)ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေ ဖုန်း ၀၉-၈၆၀၀၁၀၉ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးမောင်မောင်ဝင်း ဖုန်း- ၀၉-၈၆၀၀၁၀၂၊ညွှန်ကြားရေးမှူးဦးမောင်မောင် ဖုန်း-၀၁-၅၄၃၇၅၇၊ဒုတိယညွှန်ကြားမှူး၊ဦးကျော်ဝင်းတင် ဖုန်း-၀၁-၅၄၃၇၆၅ တို့သို့ ဆက်သွယ်၍ လှူဒါန်းနိုင်သည်။
ဆက်သွယ်လှူဒါန်းနိုင်
ပစ္စည်းများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့် ဖုန်း-၀၉-၈၆၀၀၀၂၆၊မီးသတ်ဦးစီးဌာန(ရုံးချုပ်)မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး ရန်ကုန်မြို့သို့လည်းကောင်း၊ဦးသန်းဦး (ညွှန်ကြားရေးမှူးချုပ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) ကုန်သွယ်ရေးဂိုဒေါင်အမှတ်(၃)ရပ်ကွက်၊မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားအနီး၊ဖုန်း-၀၉-၈၆၀၀၀၂၅၊၀၉-၈၆၀၁၀၀၃ တို့သို့လည်းကောင်း ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။



No comments: