လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက် လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) အလှူငွေ လက်ခံရာဌာနသို့ ယနေ့လာရောက် လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး လှသိန်းဆွေက လက်ခံသည်။
အလှူရှင်များမှာ ဦးစံကြည်နှင့် ဒေါ်လှိုင်လှိုင်ဦး နွေစန္ဒာဘော်ဒါမိသားစု ပြင်ဦးလွင်မြို့က နေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ ဦးကျော်အေးလွင်နှင့် ဒေါ်သီတာဌေး၊ သား မောင်စိုင်းနေလွင် မိသားစု (မင်္ဂလာတောင်ညွှန့် မြို့နယ်) ကနေအိမ် တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ Mr. Chanin Sangkatumvong, Bangkok, Thailand က ငွေကျပ် ၁၇၈၅၇၀၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (မြိုင်ကြီးငူအထူးဒေသ) က နေအိမ်ငါးလုံးအတွက် ငွေကျပ်သိန်း ၃၀၊ Embassy of the Union of Myanmar, Beijing China မှ တစ်ဆင့် ပေးပို့လှူဒါန်းငွေ ယူရို ၄၆၈၀၃၀ ဒသမ ၁၈ တို့ဖြစ်သည်။
ယနေ့ လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာ ငွေကျပ် ၄၃၇၈၅၇၀ နှင့် ယူရို ၄၆၈၀၃၀ ဒသမ ၁၈ တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment