Monday, July 7, 2008

ပါကစ္စတန်၌ မိုးသည်းတန်ပြီးရေလွှမ်း၊နေအိမ်များရေနစ်မြုပ်


ပါကစ္စတန်နိုင်ငံ နူလာလီမြို့တွင် ဇူလိုင် ၅ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများဖြစ်ပေါ်ကာ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း ပါကစ္စတန်မိုးလေ၀သဗျူရိုက သတင်းထုတ်ပြန်သည်။
ရေနစ်မြုပ်
ထို့အပြင် နူလာလီမြို့ဝန်းကျင်ဒေသ၌ မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံမှုဖြစ်ပွားခဲ့ရာ အချို့နေရာများ၌ ရေ ၁၆ပေအထိ ရှိခဲ့ကြောင်း၊ကာနာရီအင်နှင့် ဂါဝယ်လ်မန်ဒီ မြစ်ကူးတံတားများ၏ အချို့အစိတ်အပိုင်းများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

No comments: