Saturday, July 5, 2008

မော်လမြိုင်ကျွန်းမြို့ နယ် လေဘေးသင့်ဒေသမှ လယ်သမားများအတွက် ပထမအသုတ် ကျွဲ၊နွား ၉၅ ကောင်ပေးပို့

မော်လမြိုင်ကျွန်းမြို့ နယ် လေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဇူလိုင်၂ရက်
နေ့ နံနက်ပိုင်းတွင် ကျွဲ၊ နွား ၉၅ ကောင်ကို ပထမအသုတ် အနေဖြင့် မော်လမြိုင်ကျွန်းမြို့ နယ် လေဘေးသင့် ဒေသ
ဖြစ်သော ကြက်ရှာကျေးရွာအုပ်စုသို့ ဘိုကလေးမြို့ မှ တစ်ဆင့် ရေယာဉ်များဖြင့် ပေးပို့လိုက်ကြောင်း တွေ့ ရသည်။
ထို့အတူ မော်လမြိုင်ကျွန်းမြို့ နယ် လေဘေးသင့်ဒေသများ၌ လယ်ယာလုပ်ငန်း အချိန်မီ ၀င်ရောက်နိုင်ရေးအတွက်
ကျွဲ၊နွားများကို ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

No comments: