ဧရာဝတီတိုင်းအတွင်း လေဘေးသင့်ြ ပန်လည် တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်
တပ်မတော်တို့က ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ ဇွန်၂၆ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည် နေရာချထားရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးဌေးနိုင် ဦးစီး၍ ကွပ်ကဲမှုအောက် တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များသည် လပွတ္တာမြို့နယ် (၃)မိုင် ကယ်ဆယ်ရေး စခန်းရှိ လေဘေးသင့် ကလေးငယ်များနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ယာယီ စာသင်ဆောင်များကို ဇွန်၂၄ရက်မှစတင်ကာ ဆောက်လုပ်လျှက်ရှိရာ ယခုအခါ ယာယီစာသင်ဆောင်လေးဆောင် ဆောက်လုပ်ပြီးဖြစ်၍ ကျောင်းသား ကျောင်းသူများ အချိန်မှီ စာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment