(၂၁.၇.၂၀၀၈)ရက်နေ့၊စလူဆိပ်ကျေးရွာ-အဖွဲ့အမှတ်(၄) လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ် အဖွဲ့အမှတ်(၄)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးမှ တိုင်းပြည်နယ်အသီးသီးမှ လူငယ်အင်အား(၃၀၀)ခန့်တို့သည် မေလအတွင်း လေဘေးသင့်ဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိရာ (၂၁.၇.၂၀၀၈) ရက်နေ့တွင် စလူဆိပ်ကျေးရွာအုပ်စု၊ ပြင်စလူကျေးရွာသို့ သွားရောက်၍ စလူဆိပ်ကျေးရွာလမ်းများပြုပြင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျောက် သန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ခြင်း၊ဒရယ်ဖြူ ကျေးရွာ စလူဆိပ်ကျေးရွာအုပ်စုများတွင် လယ်ယာလုပ်ငန်းများ ၀ိုင်းဝန်းလုပ်ကိုင်ပေးခြင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment