(၂၁.၇.၂၀၀၈)ရက်နေ့၊စက်ဆန်းကျေးရွာ-အဖွဲ့(၆) လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ်အဖွဲ့အမှတ်(၆)မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးမှ တိုင်းပြည်နယ်အသီးသီးမှ လူငယ်အင်အား(၃၀၀)ခန့်တို့သည် မေလအတွင်း လေဘေးဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိရာ (၂၁.၇.၂၀၀၈) ရက်နေ့တွင် ပြည်ခိုင်ဖြိုးအသင်းဝင် အဖွဲ့မှတ်(၆)မှ အဖွဲ့ဝင်များ စုပေါင်း၍ စက်ဆန်းကျေးရွာ ဇလပ်ကုန်း အခြေခံပညာ မူလတန်းကျောင်း၌ မူလတန်းကျောင်း၌ အာဟာရကျွေးမွေးခြင်း၊လူနာ (၁၂)ဦးအား အခမဲ့ဆေးဝါးကုသပေးခြင်းဖြင့် ယင်လုံရေလောင်းအိမ်သာများ ဆောက်လုပ်ပေးခြင်း၊ခွက်၊ပိုက်၊ရေပုံး၊ရေခွက်၊သံများလှူဒါန်းခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment