ဆက်သွယ်ရေး စာတိုက်နှင့် ကြေနန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ် သိန်းဇော်သည် ယမန်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့အော်တိုအိတ်ချိန်းနှင့် ကွမ်းခြံကုန်းမြို့ အော်တိုအိတ်ချိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွမ်းခြံကုန်းဆက်သွယ်ရေးစခန်း တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၀န်ကြီးသည် ဒေးဒရဲမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချုပ်များ၊ တာဝန်ရှိသူများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံပြီး ဒေးဒရဲ အိတ်ချိန်းနှင့် မိုက္ကရိုဝေ့ဖ်စခန်း တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး
ယင်းနောက် ၀န်ကြီးသည် ဖျာပုံမြို့နယ် အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စခန်းတွင် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး(အပေါ်ပုံ) ဧရာဝတီတိုင်းအတွင်း မိုက္ကခရိုဝေ့ဖ်စခန်းနှင့် CDMA 450စခန်းရုံးတည်ဆောက်မည့်မြေနေရာအား ရွေးချယ်သတ်မှတ်ပေးသည်။
ဆက်လက်၍ ၀န်ကြီးသည် ရန်ကုန်မြို့ ကျိက္ကဆံဝင်းအတွင်း လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အိတ်ချိန်းအစားအသစ်တပ်ဆင်ထားသည့် TWD 06အိတ်ချိန်း တပ်ဆင်ထားရှိမှုကို ၀င်ရောက်စစ်ဆေးခဲ့ ကြောင်းသိရှိရသည်။

No comments:
Post a Comment