စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီသည် ဇူလိုင် ၆ရက်က နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ညောင်ငူကျေးရွာ၌ လေမုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဒေးမြန်မာအခြေခံပညာ မူလတန်းကျောင်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ချိတ်ဆက်ဘလောက်တုံးများ (Interlocking Concrete Block) အသုံးပြု၍ ပြန်လည်တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ရှေးဦးစွာဝန်ကြီးသည် ကျောင်းအတွင်း၌ ကျောင်းဆောင်အသစ်ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဌဦးသန်းမြင့်က ချိတ်ဆက်ဘလောက်တုံးများပြုလုပ်ပုံနှင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ တည်ဆောက်ပုံနည်းစနစ်များ ဆောင်ရွက်သွားရမည့်အစီအစဉ်များကိုရှင်းလင်းတင်ပြရာ ၀န်ကြီးက ဒေသထွက်ဂ၀ံမြေများ ကို အသုံးပြု၍ တည်ဆောက်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာမည်ဖြစ်သကဲ့သု သို့ နောင်တွင် ဒေသခံများကိုယ်တိုင် ထုတ်လုပ် အသုံးချသွားနင်မည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပုံစံဒီဇိုင်း အတိုင်းတည်ဆောက်သွားရန်၊ သပ်ရပ်ခိုင်ခံ့ရေး ဂရုပြုတည်ဆောက် သွားရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးတို့ကို မှားကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
ိထို့နောက် ၀န်ကြီးသည် ချိတ်ဆက်ဘလောက်တုံးများဖြင့် တည်ဆောက်သွားမည့် ပုံစံငယ်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အညီတည်ဆောက်သွားရေးမှာကြားသည်။
ဆက်လက်၍ ၀န်ကြီးသည် ကွမ်းခြံကုန်းမြို့နယ် ထန်းတောရပ်ကွက်ရှိ လေဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွား သောလူနေအိမ်များကို အေးရှားဝေါလ်ကုမ္ပဏီက အမြဲတမ်းအိမ်ရာများတည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ပြီးပျဉ်ခင်း၊ သွပ်မိုး၊ အမြဲတမ်းနေအိမ်များကို ၀င်ရောက်ကြည့်ရှုကာခိုင်ခံ့သပ် ရပ်ရေးနှင့် သတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးရေးတို့ကို မှာကြားသည်။
ယင်းနောက် ၀န်ကြီးသည်ကွမ်းခြံကုန်းမြို့ ပြန်လည်ထူထောင်ရေး ဗဟို ကွပ်ကဲရေးစခန်း၌ ကျင်းပသော ချီကျိဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းက လှူဒါန်းသည့် မျိုးစပါးတင်း ၁၃၃၂၀၊ယူနိုက်တက်အင်ဂျင်နီယားရင်း ကုမ္ပဏီက လှူဒါန်းသည့် အသင့်စား ခေါက်ဆွဲ ထုပ် ၁၀၀၈၀၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက လှူဒါန်းသည့် ဆန်နှင့် အသုံးအဆောင်၊ အ၀တ်အထည်၊ဆေးမျိုးစုံတို့လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်သည်။
ရှေးဦးစွာ ချီကျိဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းမှ S Mr.Wong မျိုးစပါးများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း၊ ပြောကြားပြီး ချီကျိဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းက မျိုးစပါးများကိုလယ်သမား ကိုယ်စားလှယ်များ ထံ လည်းကောင်း၊ ယူနိုက်တက်အင်ဂျင်နီယားရင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့က လှူဒါန်းသည့် ပစ္စည်းမျိုးစုံတို့ကို ကွမ်းခြံကုန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးကျော်ဝင်းထံလည်းကောင်း ပေးအပ်လှူဒါန်း ကြပြီးမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ၀န်ကြီးသည် တောင်သူ လယ်သမားများအား လက်ဝယ်အရောက်မျိုးစပါးဖြန့်ခွဲပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

No comments:
Post a Comment