
ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနာယက ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရးကောင်စီ ဥက္ကဋ္ဌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ ဆက်သွယ်ရေးစာတိုင်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် သြဂုတ် ၁၁ ရက်တွင် မြစ်ကြီးနားမြို့ရှမ်းစု (မြောက်) ရပ်ကွက် ဓမ္မာရုံ၌ မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်စု၊ ရှမ်းစုတောင်၊ ရှမ်းစုမြောက်၊ မြို့မရပ်ကွက်များမှ ရပ်မိ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ဝန်ကြီးသည် မြစ်ကြီးနားမြို့၌ တပ်ဆင်ထားရှိသည့် D-Amps ဆယ်လူလာစနစ်စခန်းနှင့် GSMစနစ် စခန်းသို့ သွား ရောက်ကြည့်ရှုပြီး D-AMPS ဆယ်လူလာစနစ် 8-8-2 စနစ်မှ 8-8-4 စနစ်သို့ပြောင်းလဲသို့ ပြောင်းလဲတပ်ဆင်ပြီးစီးမှုနှင့် GSM စနစ် စက်ပစ္စည်း တာဝန်ခံအင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးကလိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပြုလွှာပေးအပ်
ယင်းမှတဆင့် တိုင်းမှူးနှင့် ဗဟိုအတွင်းရေးမှူးတို့သည် မြစ်ကြီးနားမြို့အောင်နန်းရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တအာဒိစ္စဝံသအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ယင်းနောက် တိုင်းမှူးနှင့် ဗဟိုအတွင်းရေးမှူးတို့သည် အောင်နန်းရိပ်သာရပ်ကွက် အောင်ချမ်းသာဘုရား ဓမ္မာရုံ၌ အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ကြပြီး အမှာ စကားပြောကြားသည်။ ထို့နောက် တာ ဝန်ရှိသူများက အသင်းဝင်အဆိုပြုလွှာအဆောင်ရေ ၅၀၀ ကိုပေးအပ်ရာပြည်နယ်အတွင်းရေးမှူးက လက်ခံသည်။လိုအပ်ချက်
ဆက်လက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးနှင့် အလုပ် အမှူဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို ရမ်ဝူရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဗဟိုအတွင်းရေးမှူးက အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။လှူဒါန်း
ဗဟိုအတွင်းရေးမှူး ဝန်ကြီးသည် သြဂုတ် ၁၂ ရက်တွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခတ ဝန်းသိုကျောင်းတိုက်၌ ဝန်းသို ကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒ န္တသိလဝံသအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ကြည့်ရှုစစ်ဆေး
ထို့နောက်တဆင့် ဝန်ကြီးသည်တယ်လီဖုန်းလိုင်းများတိုးချဲ့ခြင်းစီမံကိန်းအတွက် မြစ်ကြီးနာမြို့ တက္ကသိုလ်ရှေ့ မျက်နှာစာတွင် မြို့တွင်းကေဘယ်ကြိုးများ သွယ်တန်းနေမှုကိုကြည့်ရှုစစ်ဆေးသည်။ဆက်လက်၍ ဝန်ကြီးသည် မြစ်ကြီးနားမြို့၌ တပ်ဆင်ထားရှိသည့် D-Amps ဆယ်လူလာစနစ်စခန်းနှင့် GSMစနစ် စခန်းသို့ သွား ရောက်ကြည့်ရှုပြီး D-AMPS ဆယ်လူလာစနစ် 8-8-2 စနစ်မှ 8-8-4 စနစ်သို့ပြောင်းလဲသို့ ပြောင်းလဲတပ်ဆင်ပြီးစီးမှုနှင့် GSM စနစ် စက်ပစ္စည်း တာဝန်ခံအင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးကလိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment