Thursday, August 14, 2008

အိုင်တီပညာရပ်ကို လေ့လာလိုက်စားသည့် လူငယ်များအတွက် မြန်မာအင်ဖိုတက်ခ်ကွန်ဖရင့်ခန်းမ၌ ဆွေးနွေးပွဲကျင်းပမည်

အိုင်တီနည်းပညာသည် နိုင်ငံတိုင်းတွင် အရေးပါလာသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်း၌ အိုင်တီနည်းပညာများ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အိုင်တီနည်းပညာရပ်များနှင့်ပတ်သတ်၍ လူငယ်များ ပို မိုသိရှိကာ ကျွမ်းကျင်မှုရှိရေး အထူးလိုအပ်လာနေပြီ၊။
ကျင်းပမည်
အိုင်တီနည်းပညာနှင့်ပတ်၍ လူငယ်များအကျိုးရှိစေမည့် ဆွေးနွေးဟောပြောပွဲ တစ်ရပ်ကို ရန်ကုန်မြို့လှိုင်မြို့နယ် ရှိ မြန်မာအင်ဖိုတက်ခ် ကွန်ဖရင့်ခန်းမ၌ မြန်မာအင်ဖိုတက်ခ် ကွန်ဖရင့်ခန်းမ၌ သြဂုတ် ၁၆ ရက် (စနေနေ့) နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။
'' အခုကျင်းပမယ့် ဆွေးနွေးဟောပြောပွဲဟာ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုး တက်ဖို့ အတွက် Myanmar Information Techonlogy Pte.Ltd. ကကြီးမှူးကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒီဆွေး နွေးဟောပြောပွဲမှာ လူငယ်တွေအနေနဲ့ အိုင်တီနည်းပညာရပ်တွေကို ဘယ်လို ရွေးချယ်လေ့လာရမယ်၊ ဘယ်လို ပညာရပ်တွေဟာ အကျိုးပြုမှု ဘယ်လောက်အထိ ရှိတယ်ဆိုတာကို ဆွေးနွေးသွားမှာပါ။ ဒီဆွေးနွေး ဟောပြောပွဲမှာ မလေးရှားနိုင်ငံ Cambridge ICT မှကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံ MPEC မှ တာဝန်ရှိသူတွေက ဆွေးနွေးသွားမှာပါ '' ဟု ဆွေးနွေးဟောပြောပွဲ ကျင်းပမှုနှင့် ပတ်သက်သည့် တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်နန်းသင်းဆွေက မြန်မာ့အလင်းသို့ရှင်းပြသည်။
မိတ်ဆက်
ဆွေးနွေးဟောပြောပွဲတွင် လူငယ်များအတွက် အိုင်တီနည်းပညာရပ်များ လေ့လာဆည်းပူးရာတွင် အကျိုးရှိ စေမည့်ဆော့ဖ်ဝဲ အင်ဂျင်နီယာဒီပလိုမာနှင့် Diploma in Business IT များနှင့်လည်း မိတ်ဆက်ပေးသွားမည် ဖြစ်သည်။
အဆိုပါပညာရပ်များနှင့်ပတ်သက်ပြီး မည်သည့်ဘာသာရပ်များအား မည်သို့သင်ကြားပေးမည်ဆိုသည့် အခြေ အနေများအပြင် လေ့လာသင်ယူမှုပြီးဆုံးပါက လူငယ်များအတွက် အိုင်တီနှင့်ပတ်သက်သည့်အလုပ်အကိုင် အ ခွင့်အလမ်းနှင့် နိုင်ငံတကာသို့ ဆက်လက်သင်ယူနိုင်မည့်လမ်းကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်သည်ဟု ဒေါ်နန်းသင်းဆွေက ဆက်လက် ရှင်းပြသည်။
အဖိုးတန်
တက္ကသိုလ်ဝင်တန်းအောင်ပြီး လူငယ်များအနေဖြင့် ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်လိုသည့် လူငယ်များ အချိန်တိုအ တွင်းလေ့လာဆည်းပူးသင့်သောပညာရပ်ဆိုင်ရာများကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် အိုင်တီ နည်းပညာရပ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသည့် လူငယ်များအတွက်လည်း အဖိုးတန်အ သိပညာများကို သိရှိစေမည့် ဆွေးနွေးပွဲလည်းဖြစ်ကြောင်း သိရသည်။
ဖြည့်ဆည်း
ထို့နောက် မြန်မာနိုင်ငံဆော့ဖ်ဝဲပညာရှင်တစ်ဦးနှင့် Biz Soft မှ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးရဲရင့် ဝင်းကလည်း '' ကျွန်တော်တို့မှာ ဆော့ဖ်ဝဲကျွမ်းကျင်သူတွေ နည်းပါးနေတယ်၊ လူငယ်တွေအနေနဲ့ လုပ်ငန်း ခွင်မှာ ရည်အချင်းရှိရှိနဲ့ လုပ်ကိုင်နိုင်မှုလည်း အားနည်းနေတယ်။ အခုဆွေးနွေးပွဲမှာ ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဒီပလိုမာ သင်တန်းတွေနဲ့လည်း မိတ်ဆက်ရှင်းလင်းဆွေးနွေးမယ်ဆိုတော့ လူငယ်တွေ အတွက် အကျိုးရှိစေမှာပါ။ လူငယ်တွေအတွက်လက်တွေ့လုပ်ငန်းခွင်မှာ တိုက်ရိုက် အကျိုးရှိစေမယ့် လေ့ကျင့်မှုမျိုးတွေပြုလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လူငယ်တွေ တက်ရောက်လေ့လာသင့်တဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်ဟု '' မြန်မာ့အလင်းသို့ ရှင်းပြသည်။
အခွင့်အရေး
ထို့အတူ အဆိုပါဆွေးနွေပွဲနှင့် ပတ်သက်ပြီး ကွန်ပျူတာပညာရှင်တစ်ဦးနှင့် Gusto ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက် တာတစ်ဦးလည်းဖြစ်သည့် ဦးဝင်းထိန်းဝင်းက '' လူငယ်တွေအနေနဲ့ အိုင်တီနယ်ပယ်ကို ဝင်ရောက်ရင် သိသင့် တာတွေက အများကြီးပါ။ သင်တန်းတစ်ခု၊ နှစ်ခုလောက် တက်ရောက်ပြီးရုံနှင့် မလုံလောက်ပါဘူး၊ ကျယ်ကျယ် ပြန့်ပြန့် သိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လူငယ်တွေ လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေပေးနိုင်တဲ့ ဒီလိုပမာသင်တန်းတွေမှာ လေ့လာဆည်းပူးနိုင်လေ ပိုကောင်းလေပါပဲ။ ဒါကြောင့် ဒီလိုဟောပြောဆွေးနွေးပွဲမှာ လူငယ်တွေတက်ရောက်ပြီး ကိုယ်တိုင်သိလိုတဲ့အချက်တွေ ဆွေးနွေးနိုင်ကြတာမို့ သူတို့အတွက် အခွင့်အရေးတစ်ရပ်ပါပဲ '' ဟုရှင်းပြသည်။
ထို့ကြောင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံဖြိုးတိုးတက်ရေးအတွက် MIT နှင့် Cambridge Technology Pte Ltd. တို့မှ တာဝန်ရှိသူများ ဆွေးနွေးဟောပြောပွဲသို့ အိုင်တီပညာရပ်ကို စိတ်ဝင် စားသောလူငယ်များအခမဲ့ တက်ရောက်လေ့လာ ဆွေးနွေး နိုင်ကြပါကြောင်း အိုင်တီသတင်းစကားကို လူငယ်များကို လူငယ်များအတွက်ဖြန့်ပေးလိုက်ရပါကြောင်း။ ။




No comments: