ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့သည် ရှေးနှစ်ပေါင်းများစွာတည်းကပင် ဆက်ဆံမှုများရှိခဲ့ရာ ငြိမ်းချမ်းစွာအတူယဉ်တွဲ နေထိုင်ရေးမူကြီး ငါးချက်နှင့်အညီ အိမ်နီးချင်းကောင်းပီသစွာ အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။
မြန်မာနှင့် ထိုင်းတို့သည် နယ်နိမိတ်ချင်းလည်း ထိစပ်လျက်ရှိပြီး နိုင်ငံခေါင်းဆောင်များ ကူးလူးယှက်နွှယ် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများဖြစ်ပေရာ သံတမန်ဆက်သွယ်မှုသည် ယခုနှစ်သြဂုတ်၂၄ရက်က နှစ်(၆၀)တိုင်ခဲ့ပြီ ဖြစ်သည်။
ယနေ့အချိန်အခါတွင် စိန်ခေါ်မှုပေါင်းများစွာဖြင့် ပြည့်နှက်နေရာ မည်သည့်နိုင်ငံမျှ တစ်နိုင်ငံတည်း အတိုင်းအတာဖြင့် အဆိုပါစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဆိုပါက မည်သည့်အခက်အခဲကိုမဆို ကျော်လွှားဖြေရှင်းနိုင်မည် ဖြစ်ပေသည်။
သို့ဖြစ်ရာ ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုသည် အစဉ်အလာကောင်းနှင့်အညီ နှစ်နိုင်ငံပြည်သူများအတွက် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေသည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ချစ်ကြည်ရင်နှီးမှု ပိုမိုဖြစ်ထွန်းစေပြီး အနာဂတ်ကာလတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနီုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
မြန်မာနှင့် ထိုင်းတို့သည် နယ်နိမိတ်ချင်းလည်း ထိစပ်လျက်ရှိပြီး နိုင်ငံခေါင်းဆောင်များ ကူးလူးယှက်နွှယ် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများဖြစ်ပေရာ သံတမန်ဆက်သွယ်မှုသည် ယခုနှစ်သြဂုတ်၂၄ရက်က နှစ်(၆၀)တိုင်ခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၆၀က မျိုးစေ့ချခဲ့သော ချစ်ကြည်ရင်းနှီးမှုသည် ယခုအခါမှာ ခိုင်မာရှင်သန်လာပြီး နှစ် နိုင်ငံ တူညီသော အကျိုးစီးပွား အသီးအပွင့်များဝေဆာစွာ ဖူးနေလျက်ရှိ နေသည်။
နှစ်နိုင်ငံဆက်ဆံရေး မျက်နှာစာနှင့် အာဆီယံ ၊အက်ခ်မက်စ်၊ ဂျီအမ်အက်စ်အစရှိသည့် နိုင်ငံတကာဆက်ဆံရေး မျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံပြည်သူများ၏ လူနေမှုဘ၀ကို တိုးတက်ကောင်းမွန်စေသည့် အပြင် ဒေသတစ်ခုလုံး ငြိမ်းချမ်းသာယာစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားလိုမှုကို ဖော်ညွှန်းလျက်ရှိသည်။ယနေ့အချိန်အခါတွင် စိန်ခေါ်မှုပေါင်းများစွာဖြင့် ပြည့်နှက်နေရာ မည်သည့်နိုင်ငံမျှ တစ်နိုင်ငံတည်း အတိုင်းအတာဖြင့် အဆိုပါစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဆိုပါက မည်သည့်အခက်အခဲကိုမဆို ကျော်လွှားဖြေရှင်းနိုင်မည် ဖြစ်ပေသည်။
သို့ဖြစ်ရာ ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုသည် အစဉ်အလာကောင်းနှင့်အညီ နှစ်နိုင်ငံပြည်သူများအတွက် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေသည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ချစ်ကြည်ရင်နှီးမှု ပိုမိုဖြစ်ထွန်းစေပြီး အနာဂတ်ကာလတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနီုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment