တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အဖွဲ့ကချုပ်က ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် မိသားစုသုံး ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ညနေ ၃နာရီတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် သံလွင်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၌ ကျင်းပသည်။တက်ရောက်
လှူဒါန်းပွဲသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါ်ခင်လေးမြင့်နှင့် ဒေါ်ခင်သက်ဌေး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်မြင့်ကြည်နှင့် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါ်မြသိင်္ဂီနှင့် ဒေါ်နီနီဝင်း ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကောင်စစ်ဝန် Mrs.Xu Qingyuan တို့ တက်ရောက်ကြသည်။
ပေးအပ်လှူဒါန်း
ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များထ့ ဧရာဝတီတိုင်းလေဘေးသင့် ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ပေးအပ်လှူုဒါန်းသော တရုတ်ယွမ် ငါးသိန်းတန်ဖိုးရှိ ရေသန့်စက်၄၈ လုံး ၊ အရေးပေါ်မီးအိမ်အလုံး ၃၈၀၊ ကလေးအ၀တ်အထည်များ ၊ အမျိုးသမီးအ၀တ်အထည်များ၊ အမျိုးသမီးသုံး ပစ္စည်းများနှင့် ကိုယ်တိုက်ဆပ်ပြာများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr.Tang Hai နှင့် ပထမအတွင်းဝန် Mrs.Xu Qingyuan တို့က ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ကျေးဇူးတင်စကားပြောကြားသည်။
No comments:
Post a Comment