ပြည်ထောင်စု မြန်မာနိုင်ငံတော်-နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကူဝိတ်နိုင်ငံ ၀န်ကြီးချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ် H.E.Dr.Ismail Khedr Al-Shatti ဦးဆောင်သော ကူဝိတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဗိုလ်ချုပ်ဌေးဦး ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း ၊ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဝင်းမြင့် ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး သန့်ရှင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်၊ ကူဝိတ်နိုင်ငံ ၀န်ကြီးချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ် H.E. Dr.Is္ဂ္ဂ္ဂ္ဂmail Khedr Al-Shatti နှင့်အတူ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဒါကာမြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ကူဝိတ်နိုင်ငံသံရုံး-သံရုံးယာယီတာဝန်ခံ Mr.Nayef Y.J Aladres နှင့် အဆင့်မြင့် အရာရှိကြီးများတက်ရောက်ကြသည်။
No comments:
Post a Comment