နာဂစ်မုန်တိုင်းကဲ့သို့ မုန်တိုင်းကြီးများကျရောက်ချိန်တွင် ဒေသခံပြည်သူများအား ဒီရေတောများက သဘာဝအရကာကွယ်ပေးနိုင်ပုံကို ကိုယ်တွေ့ကြုံခဲ့ကြရပြီးဖြစ်ရာ ဒီရေတောများထိန်းသိမ်းရန်နှင့် တိုးချဲ့စိုက်ပျိုးရန် အထူးလိုအပ်လှပေသည်။
အများဆုံးတွေ့ရ
ပင်လယ်ကမ်းခြေနှင့် ဆက်စပ်လျက်ရှိသော သစ်တောများမှာ ဒီရေရောက်သစ်တောများ ဖြစ်သည်။ ဒီရေအတက်အကျရှိသော ကမ်းခြေဒေသများတွင် ဒီရေရောက် သစ်တောများကို အများဆုံးတွေ့ရသည်။
ဒီရေရောက်သစ်တောများ အကြွယ်ဝဆုံး ကမ္ဘာ့ဒေသများတွင် ကမ္ဘာ့အပူပိုင်းဒေသဖြစ်သော အာရှ၊ အာဖရိကနှင့် ပစိဖိတ်ဒေသအနောက်တောင်ပိုင်းရှိ ကျွန်းများပါဝင်ကြသည်။

ဒီရေရောက်သစ်တော
ဇီဝမျိုးစုံလင်
ထောက်ကူ
မြန်မာနိုင်ငံတွင် ဒီရေရောက်သစ်တောများကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အများဆုံးတွေ့ရ သည်။ ရခိုင်ကမ်းရိုးတန်း၊ တနသာင်္ရိကမ်းရိုးတန်း၊ ကမ်းလွန်ကျွန်းများနှင့် ဒီရေ၀င်သော မြစ်ဝကျယ်များ၊ချောင်းများဘေးတွင် ဒီရေရောက်သစ်တောများကို တွေ့ရသည်။ ပင်လယ်ဆားငန်ရေ၀င်သော နေရာများတွင် ဒီရေရောက်သစ်တောများကို တွေ့ရပြီး ပေါက်ရောက်ပင်များမှာ ဗြူး၊ဗြူးခြေထောက်၊မဒမ၊ပင်လယ်အုန်း၊ခရာ၊ လမု၊လမဲ့နှင့် ဓနိတို့ဖြစ်သည်။
ဒီရေအလွန်ကြီးမှ ရေ၀င်သည့် ကုန်းတွင်းပိုင်းတွင်မူ ကနစိုး၊တရော်၊သင်ပန်းနှင့် သင်ပေါင်းပင်များ ပေါက်ရောက်သည်။ ဒီရေအလွန်ကြီးမှ ရေ၀င်သည့် ကုန်းတွင်းပိုင်းတွင်မူ ကနစိုး၊ တရော်၊ သင်ပန်းနှင့် သင်ပေါင်းပင်များပေါက်ရောက်သည်။ ဒီရေရောက် သစ်တောများမှရရှိသော သစ်များကို အိမ်ထောင်ပရိဘောဂပြုလုပ်ရာ၌ အသုံးပြုသည်ထက် ထင်းမီးသွေးအဖြစ် အဓိကအသုံးပြုသည်။
ဒီရေရောက်သစ်တောများသည် ကမ်းရိုးတမ်းဒေသများ၏ ဂေဟစနစ်များ ထိန်းသိမ်းရေတွင် အထူးပင်အရေးကြီးသည်။ဒီရေရောက်သစ်တောများ၏ ဂေဟစနစ်များ ကောင်းမွန်ပါမှ ယင်းသစ်တောများအတွင်း သဘာဝဂေဟာများ (habitats) အဖြစ် မှီတင်းနေထိုင်သည့် အပင်နှင့် တိရစ္ဆာန်များ ပွားစည်းနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ လူမှုဘ၀အတွက် အဖိုးမဖြတ်နိုင်သည့် သစ်တောအမျိုးအစားလည်း ဖြစ်သည်။

ကာကွယ်ပေး
ဒီရေရောက်သစ်တောများသည် လူသားတို့ကို သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်။ ကမ်းရိုးတန်းဒေသရှိ ဒီရေရောက်သစ်တောများသည် ကုန်းတွင်းပိုင်း ကမ်းရိုးတန်းဒေသတွင် နေထိုင်သော ပြည်သူများအား မုန်တိုင်းတိုက်ခတ်မှုနှင့် ဆူနာမီရေလှိုင်း ရိုက်ခတ်မှုတို့၏ တိုက်ခတ်မှု၏ ဆူနာမီရေလှိုင်း ရိုက်ခတ်မှုတို့၏ ဆိုးကျိုးသတ်ရောက်မှုများမှ လျော့နည်း သက်သာခွင့်ရရှိအောင် သဘာဝကျကျ ကာကွယ်ပေးထားသည်။
Mangrove ဟူသော ဝေါဟာရသည် ပေါ်တူဂီဘာသာစကားရ mangue၊ စပိန်ဘာသာစကားအရ mangle မှ ဆင်းသက်လာသည်ဟု မှတ်သားရသည်။ ယင်းစကားလုံးများ၏ အဓိပ္ပာယ်မှာ "ညွှန်အိုင် သို့မဟုတ် စိမ့်မြေတွင် ပေါက်ရောက်သော အပင်ငယ်များနှင့် ချုံပင်များ" ဟူ၍ဖြစ်သည်။ ယင်းစကားလုံးများကို တောအုပ်ကလေးဟု အဓိပ္ပာယ်ရသော grove နှင့်ပေါင်းစပ်ရာမှ mangrove ဖြစ်ပေါ်လာဖွယ်ရှိသည်။ mangrove ကိုမြန်မာဘာသာစကားအရ လမုပင်ဟု အဓိပ္ပာယ်ဖွင့်သည်။ဇီဝမျိုးစုံလင်
ဒီရေရောက်သစ်တော၏ သဘာဝဂေဟာများတွင် အပင်များနှင့် တိရစ္ဆာန်များမှာ ဇီဝမျိုးစုံလင်လှသည်။ ဒီရေရောက်သစ်ပင်များသည် ကမ်းရိုးတန်းဒေသများကို မြေတိုက်စားခြင်းနှင့် မုန်တိုင်းဒီရေ (Strom surge) ရိုက်ပုတ်ခြင်းမှလည်းကောင်း၊ ဆူနာမီရေလှိုင်း ရိုက်ခတ်ခြင်းမှလည်းကောင်း ကာကွယ်ပေးနိုင်သဖြင့် ဒီရေတောထိန်းသိမ်းရေးမှာ အရေးကြီးသည်။
ဒီရေရောက်သစ်တောတွင် တစ်မူထူးခြားသော ဂေဟစနစ်များရှိသည်။ အထူးသဖြင့် ဒီရေရောက်သစ်တောအတွင်း ပေါက်ရောက်သော အပင်များ၏ အမြစ်တည်ဆောက်ပုံမှာ ရုက္ခဗေဒရှုထောင့် အရဆန်းပြားလှသည်။ ရေအောက်တွင် ထာဝရနှစ်မြုပ်နေသော အမြစ်များတည်ရှိနေရာများ၌ အယ်လ်ဂျေး ရေညှိပင်များ၊ ပုဇွန်၊ကနုကမာ စသည့်အခွန်မာရေနေသတ္တ၀ါများ၊ ကမာကောင်၊မုတ်ကောင်များ၊ ရေအောက်တွင် ကျက်စားသော သေးငယ်လှသည့် သဘာဝရေမြှုပ်သတ္တ၀ါများ(sponge)၊ ဘရိုင်ယိုဖိုယန် ရေသတ္တ၀ါများ (bryozoan)စသည့် သက်ရှိဇီဝရုပ်များ မှီတင်းနေထိုင်သဖြင့် ယင်းသစ်မြစ်များကို သဘာဝဂေဟာများအဖြစ် သတ်မှတ်နိုင်သည်။
ဒီရေသစ်တောဒေသ၏ ပင်လယ်ဂဏန်းများသည် သဘာဝဂေဟာကို ဖွဲ့စည်းပေးသော ရွှံ့မြေ၏ အာဟာရဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်ပြီး အခြားမျိုးစိတ်များ ရှင်သန်မှုကိုအားပေးသည်။

ဒီရေရောက်သစ်တော၏ သဘာဝဂေဟာများသည် ငါး နှင့်အခွံ့မာရေသတ္တ၀ါများ ရှင်သန်ပေါက်ပွားမှု အတွက် အရေးကြီးသဖြင့် ဒေသခံ ရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းဘ၀ကို ထောက်ကူလျက်ရှိသည်။
ဒီရေရောက်သစ်တောများသည် ဒေသခံကျေးငှက်များနှင့် ရွေ့ပြောင်းကျေးငှက်များအတွက်လည်း ဂေဟာဖြစ်သည်။
မကြာသေးသော နှစ်ကာလများအတွင်း ကမ္ဘာ့ဒီရေရောက်သစ်တောများ၏ ထက်ဝက်ကျော်ပျောက်ကွယ်ခဲ့ရသော်လည်း အာရှနိုင်ငံများသည် ဒိရေရောက်သစ်တောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ပါဝင်လျက်ရှိသည်။
ဒီရေရောက်သစ်တောများ စည်ပင်စေရန် မြန်မာ၊ ဗီယက်နမ်၊ထိုင်း၊ဖိလစ်ပိုင်နှင့် အိန္ဒိယစသည့် အာရှနိုင်ငံများသည် ဒီရေရောက်သစ်တောစိုက်ခင်းများ ထူထောင်ရေးလုပ်ငန်းကို သစ်တောထိန်းသိမ်းရေး လုပ်ငန်းနှင့်အတူ လုပ်ဆောင်လျက်ရှိကြောင်း လေ့လာဖော်ပြလိုက်ရပါသည်။

No comments:
Post a Comment