မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်တွင်း ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေလက်ခံရာဌာနသို့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး လှသိန်းဆွေက လက်ခံသည်။
သြဂုတ်၁၄ရက်တွင် မြစ်သားချည်မျှင်စက်ရုံ စီမံကိန်း ဝန်ထမ်းများက ငွေကျပ်တစ်သိန်း၊ သြဂုတ်၁၅ရက်တွင် Mr.Loh Chau Hzan, Malaysia က ငွေကျပ် ၁၁၉၀၀၀၊ Mrs. ONG Lomon, son Mr.TAN Tek Lin, paris, France တို့က လူနေအိမ်နှစ်လုံးအတွက် ငွေကျပ်၁၂သိန်း၊ သြဂုတ်၁၆ရက်တွင် ဖခင်ဦးလူကလေးနှင့် မိခင်ဒေါ်ခင်သီတို့အား ရည်စူး၍ သား၊ သမီးများ၊ မြေး ခိုင်ခိုင်။ မောင်မောင်၊ ကျော်ဖြိုး ဗိုလ်တထောင်မြို့နယ်က လူနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ ဖခင်ဦးအောင်သိန်း၊ မိခင်ဒေါ်စုစုတို့အား ရည်စူး၍ သားသမီး၊ မြေးများ ဗိုလ်တထောင်မြို့နယ်က လူနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ သြဂုတ် ၁၇ရက်တွင် (ဦးသိန်း)နှင့် ဒေါ်အေးမြင့်(၈၃)နှစ်မြောက် မွေးနေ့အလှူ လမ်းမတော်မြို့နယ်က လူနေအိမ်တစ်လုံးနှင့် ဓာတ်မြေသြဇာတစ်အိတ်အတွက်ငွေကျပ် ၆၁၈၀၀၀၊ သြဂုတ် ၁၈ရက်တွင် လှူဒါန်းသော အလှူရှင်များမှာ Embassy of the Union of Myanmar, Singapore က စင်ကာပူဒေါ်လာ ၂၁၀၂၉ ဒသမ ၃၅တို့ဖြစ်သည်။
သြဂုတ်၁၄ရက်မှ ၁၈ရက်ထိ လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ ငွေကျပ် ၃၂၃၇၀၀၀နှင့် စင်ကာပူဒေါ်လာ ၂၁၀၂၉ ဒသမ ၃၅တို့ဖြစ်ကြောင်း သတင်းရရှိသည်။
လှူဒါန်း

No comments:
Post a Comment