အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ရန်ကုန်မြို့မှ ထွက်လာရာ နံနက် ၈ နာရီ ၅ မိနစ်တွင် ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် သရက်သုံးပင် ကျေးရွာသို့ရောက်ရှိသည်။
ကြိုဆို
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ကွမ်းခြံကုန်းမြို့နယ် လေဘေးသင့်များ ပြန်လည်ထူထောင်တည် ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသော စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချူပ်လွန်းသီး၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးလူအေးနှင့် တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် သရက်သုံးပင်ကျေးရွာ လူထုသောက်သုံးရေးအတွက် စွမ်းအင်ဝန်ကြီး ဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံအခြေစိုက် Rimbunan Peterogas ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံအခြေစိုက် UNOG ကုမ္ပဏီတို့မှ လှူဒါန်းထားသည့် ရေသန်စင်စက်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများကို မေးမြန်းသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများကို မေးမြန်းသည်။
ကြိုးစားဆောင်ရွက်
ဆက်လက်၍ ကျေးရွာရှိ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းကို ကြိုးစားဆောင်ရွက်ရန်၊ ရရှိလာ သည့်ငွေကြေးကို စုဆောင်း၍ မိမိတို့၏လူမှုစီးပွားဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ်က လေးများအား ပညာတတ်စေရန် စာပေသင်ကြားနိုင်ရေးဆောင်ရွက်ပေးကြရန် မှာကြားသည်း။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်အား ကျေးရွာရှင်းလင်းဆောင်၌ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် လွန်သီးက သက်ရက်သုံးပင်ကျေးရွာ၏ မြေအကျယ်အဝန်း၊ လေဘေးသင့်၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူ များအတွက် နေအိမ်များဆောက်လုပ်ပြီးစီးမှုနှင့် နေရာချထားမှု၊ စားသုံးပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှု၊ ကျေးလက်ဆေးပေးခန်းနှင့် ကျေးလက်စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု၊ ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက်များ ရရှိမှုနှင့် ဖြန့်ဝေပြီးစီးမှု၊ လယ်ယာလုပ်ငန်းတွင် မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့် ကွမ်းခြံကုန်း-ဒေးဒရဲ ကားလမ်းမသို့ဆက်သွယ်မည့် အရှည်ပေ ၃၃၅၀ ရှိ ကျေးလက်ဖွံ့ဖြိုးရေးလမ်းဖောက်လုပ်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ဦးဆောင်စည်းရုံး
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးထပ်ုသီးညှပ်စိုက်ပျိုးရေး၊ အထွက်ကောင်းစပါးများ ပြောင်းလဲစိုက်ပျိုးရေး၊ နိုင်ငံတော်မှ အခြေခံကောင်းများ ထူထောင်ပေးထားပြီးဖြစ၍ အလုပ်ကို ယခင်ကထက် ပိုမိုကြိုးစားလုပ်ရန်၊ ပင်ပင်ပန်းပန်းရှာဖွေရရှိထားသော ဝင်ငွေများကို စုဆောင်းကြရန်၊ အလွယ်တကူ သုံးဖြန်းမပစ်ရန် ကျေးရွာ အုပ်ချုပ်ရေးအကြီးအကဲမှ ဦးဆောင် စည်း ရုံးဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေက သရက်သုံးပင်ကျေးရွာ ပြည်သူများအတွက် နို့မှုန့်ဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကိုလည်ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်က ကျေးရွာစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ် ၆၅၀ တို့ကိုလည်း ကွမ်းခြံကုန်းမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဝင်းထံ ပေးအပ်သည်။

အားပေးစကားပြောကြား
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် သရက်သုံးပင်ကျေးရွာ၌ တည်ဆောက်ပြီးစီးသွားသည့် ကျေးရွာဆေး ပေးခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားသည်။
ဆက်လက်၍ ယာယီစာသင်ကျောင်းအတွင်း ကျောင်းသား ကျောင်းသူများအား စာပေသင်ကြားနေမှုကို ကြည့် ရှုစစ်ဆေးပြီး အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းများက ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား ကျောင်းသူများအား စာပေပညာသင်ကြားပေးရုံမက လိမ္မာယဉ်ကျေးသော၊ စည်းကမ်းရှိသော လူငယ်များဖြစ် အောင် ဆုံးမပဲ့ပြင်ပေးရန် တာဝန်ရှိသူများအားမှာကြားသည်။

အလေ့အကျင့်
ယင်းနောက် ကျေးရွာစာကြည့်တိုက်ကို ကြည့်ရှု့စစ်ဆေး၍ ကျေးလက်ပြည်သူများ အသိပညာ ဗဟုသုတ ပြည့်စုံ ကြွယ်ဝစေရေးအတွက် စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများ အားမှာကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေအိမ်ဝန်းများအတွင်း စိုက်ပျိုးထားသည့် တစ်ပိုင်တစ်နိုင်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ မိမိတို့၏ လူမှုဘဝ မြင့်မားတိုးတက်ရေးအတွက် အလုပ်ကိုဝီရိယ ထားပြီး ကြိုးစားလုပ်ကိုင် ဆောင်ရွက်ကြရန် မှာကြား သည်။

ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာစိုက်ပျိုးရေးအတွက် မလေးရှားနိုင်ငံ အခြေစိုက် Rimbunan Petrogas ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ အခြေစိုက် UNOG ကုမ္ပဏီတို့မှ လှူဒါန်းထား သော လက်တွန်းထွန်စက်များနှင့် နွံများ၊ ရွှံများသည့်လယ်မြေများတွင် ထွန်ယက်နိုင်သည့် ရေဘဝဲလက်တွန်း ထွန်စက်များကို ကြည့်ရှုစစ်ဆေးကြသည်။
ဖျာပုံမြို့
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရဟတ်ယာဉ်များဖြင့် ဧရာဝ တီတိုင်း ဖျာပုံမြို့နယ် လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်တည်ဆောက်ရေး ကြီးကြပ်ကွပ်ကဲနေသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်၊ ဒေးဒရဲမြို့နယ် လေဘေးသင့်ဒေသများပြန် လည်ထူထောင်ရေး ကြီးကြပ်ကွပ်ကဲနေသော ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်အောင်မင်း၊ ဌာ နဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံခရိုင် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံးသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းဝင်များနှင့် တိုင်းရင်းးသားဆောက်လုပ် ရေးလုပ်ငန်းရှင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ဖြည့်စွက်တင်ပြ
ယင်းနောက် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ် အား ရထားပို့ဆောင်ဌာန ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက အရှည် ၁၅ မိုင် ၆ ဖာလုံရှိ ဒေးဒရဲ- ဖျာပုံ လမ်းပိုင်း အ ခြေအနေနှင့် မော်တော်ယာဉ်များသွားလာနိုင်မှုအခြေအနေကိုလည်ကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်က ဖျာပုံ-ဘိုကလေးလမ်းပိုင်းနှင့် ဖျာပုံ-ကျိုက်လတ် လမ်းပိုင်းတို့၏အခြေအနေ နှင့် ယာဉ်များ သွားလာနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ ဖျာပုံမြို့နယ်အတွင်း လေဘေး သင့်ကျေးရွာများအတွက် လူနေအိမ်ယာများတည်ဆောက်ပြီးစီးမှုနှင့် နေရာချထားပေးမှု၊ ဖျာပုံမြို့နယ်အတွင်း စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပြီးစီးမှု၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုနှင့် ဖျာပုံမြို့နှင့် ကျိုက်လတ်မြို့ရှိ ပြည်သူ့ဆေးရုံများ ပြုပြင်ပြီးစီးမှု အခြေအနေများကို လည်ကောင်း ရှင်းလင်းတင်ပြကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်စောထွန်းက ဖြည့်စွက်ရှင်း လင်းတင်ပြသည်။
ရှင်းလင်တင်ပြချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မိုးရာသီတွင်မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် လမ်းများကိုပြုပြင် ဆောင်ရွက်ရန်တာဝန်ရှိသူများအား မှာကြားသည်။
ဖျာပုံ-ဘိုကလေးလမ်းပိုင်း
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံမြို့မှ ဘိုကလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ခရီး လမ်းရှိ ဖျာပုံ-ဘိုကလေးလမ်းပိုင်းအခြေအနေကို ရဟတ်ယာဉ်ပေါ်မှ ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ ၃၅ မိနစ် တွင် ဖျာပုံခရိုင် ဘိုကလေးမြို့ သို့ရောက်ရှိကြသည်။

ရှင်းလင်းတင်ပြ
ဆက်လက်၍ ဘိုကလေးမြို့ ကွပ်ကဲရေးရုံ၌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်တည်ဆောက်ရေး ကြီးကြပ်ကွပ်ကဲနေသော သစ်တောရေးရာ ဝန် ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းအောင်က ဘိုကလေးမြို့နယ်အတွင်း ပြန်လည်ထူထောင် တည်ဆောက်ရေး လုပ် ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကြိမ်ချောင်းကြီးကျေးရွာနှင့် စက်ဆန်းကျေးရွာတို့တွင် ကျေးလက်အိမ်ယာ များ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှု၊ အလှူရှင်များက ဒေါင့်ကြီး ၊ သဲချောင်းနှင့် ပေချောင်းကျေးရွာတို့၌ အဆောက်အအုံများ ဆောက်လုပ်ရန်လှူဒါန်းမှု၊ ဘိုကလေးမြို့နယ်အတွင်း လေဘေးသင့်ဒေသများအလိုက် ကျေးလက်အိမ်ယာများ ဆောက်လုပ်ပေးမှု၊ ၂၀၀၈-၂၀၀၉ ခုနှစ် မိုးစပါး လျာထားဧက ၂၆၁၀၁၂ ဧက ထက်ကျော်လွန်၍ ၂၆၃၂၇၁ ဧက စိုက်ပျိုးပြီးစီးမှု၊ မိုးစပါးမျိုးများ ရရှိဖြန့်ဖြူးပေးမှု၊ လက်တွန်းထွန်စက်များနှင့် စက်သုံးဆီများ ရရှိဖြန့်ဝေသုံးစွဲမှု၊ ငါးဖမ်းပိုက်များနှင့် ငါးဖမ်းလှေများ ရရှိဖြန့်ဖြူးမှု၊ ဆန်ထောက်ပံ့ပေးအပ်မှု၊ ဘိုကလေးဒီရေတောနှင့် လေကာတန်းသစ်ပင်များ စိုက်ပျိုးမည့်အခြေအနေ၊ ဆက်သွယ်ရေးစနစ်၊ ဖျာပုံ-ဘိုက လေးလမ်းပိုင်းအခြေအနေ၊ တာတမံများပြုပြင်ပြီးစီးမှုနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကြို တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိုနှိုင်းဆောင်ရွက်ပေးပြီး စက်ဆန်းကျေးရွာရှိ ကျေးလက်ဆေးပေးခန်းအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ကြိမ်ချောင်း ကြီး ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအားအခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်မြှင့် တင်ပေးရန်၊ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ဟင်းသီးဟင်းရွက်များစိုက်ပျိုးနိုင်ရေးမျိုးစေ့များ လှူဒါန်းဖြန့်ဖြူးခဲ့ပြီး ဖြစ်ရာ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များကို သက်သာသောနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ဒေးဒရဲတံတား
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဖျာပုံခရိုင်ဒေးဒရဲမြို့သို့ရောက်ရှိကြပြီး တိုးမြစ်ကိုဖြတ်ကျော်တည်ဆောက်ထားသည့် ဒေးဒရဲတံတား၏ ကြံ့ခိုင်မှုကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်း စစ်ဆေးသည်။
ယင်းနောက် နိုင်ငံဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေးဒရဲမြို့ကမ်းနားလမ်းရှိ ရှင်းလင်ဆောင်၌ ကျင်းပသည့် ရေလုပ်ငန်းပြန်လည်ထူထောင်ရေးအတွက် ငါးဖမ်းစက်လှေနှင့် ငါးဖမ်းကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်အားပေးကြသည်။

ပြည့်စုံမှုရရှိ
ရှေးဦးစွာ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်ကြီးသိန်းစိန်က အမှာစကားပြောကြားရာတွင် ဒေးဒရဲမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် မူလရေ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်အောင် လိုအပ်သော ငါးဖမ်းစက်လှေနှင့် ငါးဖမ်းကိရိယာများကို ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ခြင်းဖြစ်၍ ယခုဆိုလျှင် ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် ပံ့ပိုးဖြည့်ဆည်း ပေးမှုမှာ အတော်အသင့်ပြည့်စုံနေပြီဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဖြည့်ဆည်းပေးမှု၊ စေတနာရှင်၊ အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် မူလအခြေ အနေများထက်သာလွန်ကောင်းမွန်အောင် စီမံဖြည့်ဆည်းပေးထားပြီးဖြစ်၍ မိမိတို့၏ စီးပွားရေးဘဝ ဖွံ့ဖြိုးတိုး တက်အောင် အလုပ်ကို ယခင်ကထက်ပိုမိုကြိုးစားလုပ်ကိုင်သွားကြရန် ဖြစ်ကြောင်း။

အကျိုးဖြစ်ထွန်း
မိမိတို့ပတ်ဝန်းကျင်တွင် သဘာဝအခြေခံကောင်းများ ရှိပြီးဖြစ်သဖြင့် အလုပ်ကို ကြိုးစားလုပ်ကိုင်လျှင် လုပ်ကိုင် သလောက် အကျိုးဖြစ်ထွန်းမှုရရှိမှာ ဖြစ်ကြောင်း။
နာဂစ်မုန်းတိုင်းမှရရှိသော သင်ခန်းစာများအပေါ်အခြေခံပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသောက်ခဲ့သည့် စိတ်ဓာတ်ကို ပယ်ဖျောက်ကာ အလုပ်ကိုကြိုးစားပြီး ရရှိသည့်ဝင်ငွေကို စနစ်တကျစုဆောင်း၍ မိမိတို့၏ လူမှုဘဝကောင်းသည်ထက်ကောင်းအောင်၊ မြင့်မားသည်ထက်မြင့်မားအောင် အဆင့်တန်းမြင့်မြင့်နေထိုင်နိုင် အောင် အလုပ်ကိုကြိုးစားလုပ်ကိုင်လိုသည့်စိတ်ဓာတ်၊ အမူအကျင့်များဖြစ်ပေါ်လာအောင် တာဝန်ရှိသူများက လည်း ကျေးရွာအဆင့်အထိကွင်းဆင်း၍ စည်းရုံးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း မှာကြားသည်။

လွှဲပြောင်းပေးအပ်
ထို့နောက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းအတွင်း သဘာဝဘေးဒဏ်ခံစားခဲ့ရ သော ရေလုပ်သားများ မိမိတို့၏ရေလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်းက ဒေးဒရဲမြို့နယ် လေဘေးသင့်ဒေသများ ပြန် လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသော ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန် ကြီး ဗိုလ်ချုပ်အောင်မင်းထံ ငါးဖမ်းစက်လှေ အစင်း ၂၉၀ နှင့် ငါးဖမ်းကိရိယာ အရေအတွက်စုစုပေါင်း ၂၇၀၀ တို့ကို လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှင်းလင်းဆောင်မှနေ၍ တိုးမြစ်အတွင်း ငါးဖမ်းစက်လှေများ၏ စမ်းသပ်သရုပ်ပြမောင်းနှင်မှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှင်းလင်းဆောင်မှနေ၍ တိုးမြစ်အတွင်း ငါးဖမ်းစက်လှေများ၏ စမ်းသပ်သရုပ်ပြမောင်းနှင်မှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ခင်းကျင်းပြသ
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှင်းလင်းဆောင်ဝန်ကျင်တွင် ခင်းကျင်းပြသထားသည့် မြင်းကောင်ရေ ၆ ဒဿမ ၅ ရှိ ဒိုရမ်အမျိုးအစား ဓာတ်ဆီအင်ဂျင်စက်များ၊ ငါးဖမ်းပိုက်မျိုးစုံ၊ ရင်တွန်းပိုက်၊ အလျားပေ ၂၁ ပေ၊ ရေစူး ၁၉ လက်မနှင့် ဝမ်းအကျယ် ၃၂ လက်မရှိ သစ်သားကိုယ်ထည် ငါးဖမ်းစက်လှေများကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေးဒရဲမြို့ လေဘေးသင့် ပြည်သူများအတွက် ဖိုးရာ ဇာ ကုမ္ပဏီက ဆောက်လုပ်လှူဒါန်းသည့် လူနေအိမ်ရာများ တည်ဆောက်ပြီးစီးမှုနှင့် အိုးအိမ်မဲ့ လေဘေးသင့် မိသားစုများအား နေရာချထားပေးမှု၊ လမ်းများပြုပြင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြရာ ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက လိုက်လံရှင်းလင်းပြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ မွန်းလွဲ ၂ နာ ရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

No comments:
Post a Comment