မြန်မာနိုင်ငံသည် ရေမြေသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ နိုင်ငံအကျယ်အ၀န်း၏ ထက်ဝက်ကျော်၌ သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။
နိုင်ငံ၏ ဒေသအနှံ့အပြားတွင် ရာသီဥတုနှင့် မြေမျက်နှာပြင်ကိုလိုက်၍ သစ်တောမျိုးစုံ ပေါက်ရောက်လျက်ရှိရာ သစ်တောများမှ လူတို့၏အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်း သစ်တောများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိရာမှာ အစီအမံများချမှတ်၍ ဆောင်ရွက်ခဲ့သည်။ သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ အထူးကျွန်းစိုက်ခင်းစီမံကိန်း၊ ဒီရေတောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေးစီမံကိန်း၊ ရေဝေရေလဲဒေသ စီမံကိန်းစသည်ဖြင့် အထူးစီမံကိန်းများချမှတ်၍ ဖော်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝကျွန်းတောများ ၊ အမြဲစိမ်းလန်းသောတောများ ၊ ရွက်ကြွေတောများ၊ ဒီရေတောများ စသည်ဖြင့် တန်ဖိုးရှိသော သစ်ပင်များပေါက်ရောက်လျက်ရှိရာ သစ်တောမပြုန်းတီးရေး ၀ိုင်းဝန်းတားဆီး ကာကွယ်သွားကြရမည်ဖြစ်သည်။
သစ်တောသစ်ပင်များသည် ပတ်ဝန်းကျင်အခြေနေ ကောင်းမွန်လှသည်နှင့်အမျှ မြေပြိုတိုက်စားမှုကို ကာကွယ်ခြင်း၊ ရေကောင်းရေသန့်ရရှိခြင်း၊ ရှုခင်းသာယာလှပခြင်း ၊ မြေဆီမြေလွှာ ထိန်းသိမ်းနိုင်ခြင်း ၊ သားငှက်တိရစ္ဆာန် ကာကွယ်ထိန်းသိမ်းနိုင်ခြင်း ၊ ရေဝေရေလဲ ထိန်းသိမ်းနိုင်ခြင်းနှင့် လေထုညစ်ညမ်းမှုကို ကာကွယ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။
သို့ဖြစ်၍ သစ်တောသယံဇာတများ အစဉ်အဆက်ဖြစ်ထွန်းရှင်သန် ပေါက်ရောက်ရေးအတွက် တိုင်းရင်းသားပြည်သူများက ၀ိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment