လေဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်
လျက်ရှိရာတွင် စာသင်ကျောင်းများ ပြုပြင်ရန် လိုအပ်မှု အခြေအနေနှင့် ကျောင်းသုံးပရိဘောဂ လိုအပ်ချက် ညှိနှိုင်းအစည်းအဝေးကို သြဂုတ်၃၀ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး မီးသတ်ဦးစီးဌာန (ရုံးချုပ်) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြောကြား
ထို့နောက်အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေက အမှာစကားပြောကြားရာတွင် လေဘေးသင့်ဒေသ အထူးသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ မျိုးဆက်သစ်များအတွက် ပညာရေးအခြေခံ အုတ်မြစ်တည်ဆောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း ၊ ပျက်စီးသွားသော ကျောင်းများကို ရာခိုင်နှုန်းပြည့် ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း နှင့် မုတ်သုန်ရာသီ ကုန်ဆုံး၍ တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်မည့် အချိန်ရောက်ရှိလာပါက နိုင်ငံတကာအဖွဲ့အစည်းများနှင့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနှင့် ကျောင်းသုံးပရိဘောဂ လိုအပ်ချက်များကို အလေးထား၍ ဆောင်ရွက် ပေးစေလိုကြောင်းပြောကြားသည်။
ထိုနောက်တက်ရောက်လာကြသော ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲကအစည်းများက မိမိတို့၏ အဖွဲ့အစည်းများအလိုက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို တင်ပြကြပြီး ၀န်ကြီးက နိဂုန်းချုပ် အမှာစကားပြောကြားကြောင်း သတင်းရရှိသည်။

No comments:
Post a Comment