ပဲခူးတိုင်း(အနောက်ပိုင်း) လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို စက်တင်ဘာ ၁၁ရက် နံနက်၁၀နာရီက အသင်းရုံးခန်းမ၌ ကျင်းပသည်။
လှူဒါန်း
ရှေးဦးစွာ တိုင်းအလုပ်အမှုဆောင် ဦးတင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရေးမှုး ဒေါ်အေးအေးခိုင်က ဦးတည်ချက် (၇)ရပ်အား ရှင်းလင်းတင်ပြကာ အလုပ်အမှူဆောင် ဦးခင်မောင်ဦးက အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။ ထို့နောက် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခဲ့သည်။
No comments:
Post a Comment