ပဲခူးတိုင်း(အနောက်ပိုင်း) သာယာဝတီခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ နှစ်ပတ်လည်သင်း လုံးကျွတ်အစည်းအဝေး(၂၀၀၈)ကို ယနေ့ နံနက်ပိုင်းတွင် အသင်းရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အသင်းဝင်လူငယ်များက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ဖတ်ကြားတင်ပြ
ထို့နောက် ဗဟိုအလုပ်အမှူဆောင်က အမှာစကားပြောကြားပြီး ခရိုင်အတွင်းရေးမှူးက အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ၂၀၀၇-၂၀၀၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ သာယာဝတီခရိုင်အတွင်းမှ ခြောက်ဘာသာဂုဏ်ထူးရရှိသူ ရှစ်ဦးတို့ကို ဗဟိုအလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေး အပ်ကြပြီး ဗဟိုအလုပ်အမှုဆောင်နှင့် အလှူရှင်များက အသင်း၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံကြသည်။
တင်ပြဆွေးနွေး
ထို့နောက် အစည်းအဝေးဒုတိယပိုင်းကို နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပရာ အလုပ်အမှုဆောင် အဖွဲ့၏ အစီရင်ခံစာအပေါ် အကြံပြုတင်ပြဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ျခက်များချမှတ်ခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပကြောင်း သတင်းရရှိသည်။
No comments:
Post a Comment