Thursday, September 4, 2008

သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ၀န်ကြီးဦးကျော်သူအား အရှေ့တောင်အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးတွေ့ဆုံ



သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှ ဒေသဆိုင်ရာညှိနှိုင်းရေးမှူး မစ္စတာရေမွန်ဟောလ်သည် ယနေ့ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တက်ရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အရှေ့တောင်အာရှဒေသဆိုင်ရာညှိနှိုင်းရေးမှူးမစ္စတာရေမွန်ဟောလ်နှင့်အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှဌာနေအကြီးအကဲ မစ္စတာဘာရာဂျာပန်ဒေးလည်း တက်ရောက်သည်။

No comments: