Thursday, September 4, 2008

လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများလှူဒါန်း



လေဘေးသင့်ပြည်သူများအတွက် စေတနာရှင်၊ အလှူရှင်များက နေ့စဉ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး မီးသတ်ဦးစီးဌာန(ရုံးချုပ်)ရှိ မေခလာခန်းမသို့ အလှူရှင် Mahaphant Group, Thailand မှ အပြည်ပြည်ဆိုင်ရာ စီးပွားရေးမန်နေဂျာ Mr. Pramod Pandey နှင့် Twjs Co.,Ltd. ဒါရိုက်တာ ဦးဝင်းအောင်၊ ဒါရိုက်တာ ဒေါ်အေးအေးသွယ်နှင့်အဖွဲ့တို့က ထိုင်းဘတ်ငွေ ၂၉၅၉၁၀၁ ဒသမ ၆၃တန်ဖိုးရှိ အထူ ၆ မီလီမီတာ ၈ ပေ×၄ ပေရှိ Shera မျက်နှာကြက် အမိုးပြားသေတ္တာ ၁၄၄၀၊ အထူ ၄ မီလီမီတာ ၂ ပေ× ၂ ပေရှိ Shera မျက်နှာကြက် အမိုးပြား သေတ္တာ ၁၀၅၉၀၊ သစ်အစားထိုး နံရံအလှဆင် အကာပြား သေတ္တာ ၁၃၃၂၀ နှင့် အပူဒဏ်ကာ Trilon အိမ်အမိုးပြား ၇၂၀၀၊ အမိုးပြားနှင့် ဆက်စပ်ပစ္စည်း ၂၉၇၉ သေတ္တာတို့ကို လာရောက်ပေးအပ်လှူဒါန်းကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားကြောင်း သတင်းရရှိသည်။

No comments: