နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဦးဥာဏ်ဝင်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတ နိုင်ငံ နယူးဒေလီမြို့၌ သြဂုတ် ၂၉ရက်က ကျင်းပသည့် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (ဘင်းမ်စတက်)၏ (၁၀) ကြိမ်မြောက်ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး သြဂုတ် ၃၁ ရက် နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
ဝန်ကြီး ဦးဥာဏ်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ကျော်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအေး၊ စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အအစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်တင်ရှိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြည်နှင့် ဘာသာရပ်တာဝန်ခံ ဦးလင်းမောင်မောင်ဝင်းတို့ ပြန်လည်လိုက်ပါလာကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment