
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၅ ရက်မှ ၂၉ရက်အထိ စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပသည့် အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးသည် သြဂုတ် ၂၅ ရက်က စင်ကာပူသမ္မတ နိုင်ငံ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသော အာဆီယံစီးပွားရေးဝန်ကြီးများ အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ပြီး အဆိုပါ အလုပ်သဘောညစာစားပွဲတွင် အကြိမ်(၄၀)မြောက် ၀န်ကြီးများ အစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံအချင်းချင်း ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သည်။
No comments:
Post a Comment